မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF)သည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နှင့် ပူးပေါင်း၍ ရွက်ပုန်းသီး မျိုးဆက်သစ်များ ပေါ်ထွက်လာရေးအတွက် နယ်ဒေသများတွင် လေ့ကျင့်ရေး စင်တာများ ဖွင့်လှစ်ကာ ဘောလုံးဖွံ့ဖြိုးရေး လုပ်ငန်းများ ပိုမို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားမည် ဖြစ်သည်။
Regional Training Center ဒေသအလိုက်လေ့ကျင့်ရေးစင်တာများကို မော်လမြိုင်၊ နေပြည်တော်၊ ကချင်၊ မန္တလေး၊ တောင်ကြီးနှင့် ဧရာဝတီတို့တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး အသက် ၁၄ နှစ်အောက် အမျိုးသား/အမျိုးသမီး ကစားသမားများကို လူရွေးချယ်ပွဲများပြုလုပ်ကာ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်သည်။
မော်လမြိုင်မြို့ ပြည်နယ်အားကစားကွင်းတွင် ဩဂုတ် ၃၁ မှ စက်တင်ဘာ ၁ ရက်အထိလည်းကောင်း၊ နေပြည်တော်တွင် စက်တင်ဘာ ၂ မှ ၃ ရက်အထိလည်းကောင်း၊ မန္တလေးတွင် စက်တင်ဘာ ၅ မှ ၆ ထိလည်းကောင်း၊ တောင်ကြီးတွင် စက်တင်ဘာ ၈ မှ ၉ ထိလည်းကောင်း၊ ကချင်ပြည်နယ် အားကစားကွင်းတွင် စက်တင်ဘာ ၈ မှ ၉ ထိလည်းကောင်း၊ ဧရာဝတီတွင် စက်တင်ဘာ ၁၃ မှ ၁၄ ထိလည်းကောင်း အသက် ၁၄ နှစ်အောက် အမျိုးသား/အမျိုးသမီး ကစားသမား ရွေးချယ်ပွဲများ ပြုလုပ်သွားမည်ဖြစ်သည်။
လာရောက်ရွေးချယ်ခံမည့် ကစားသမားများအနေဖြင့် အသေးစိတ် အချက်အလက်များကို အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားသည်။
ဧရာဝတီ- 09422588007
နေပြည်တော်- 09682777024
မန္တလေး- 09444084066, 0943101097
တောင်ကြီး- 09454639500
မော်လမြိုင်-09425271983
ကချင်- 09764320047
https://t.me/MyanmarNationalPost

No comments:
Post a Comment