မြောက်ဥက္ကလာပ၊ ဩဂုတ် ၂၁
ရန်ကုန်တိုင်းဒေသကြီး ၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား သက်သာသော ဈေးနှုန်းဖြင့် စားသုံးဆီများ ရောင်းချပေးခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ် စီးပွားရေးဘဏ် ခြံ၀င်းအတွင်း ဆက်လက်ရောင်းချ ပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး အစိုးရ အဖွဲ့ အစီအစဉ်ဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား သက်သာသော ဈေးနှုန်းဖြင့် စားသုံးဆီ များ ရောင်းချလျက်ရှိရာ ဩဂုတ် ၂၁ ရက်နေ့မှစ၍ အငြိမ်းစား နိုင်ငံ့၀န်ထမ်းတစ်ဦးလျှင် စားသုံးဆီ ၂ ပိဿာ၇၅ ကျပ်သားဖြင့် ငွေကျပ် ၂၁၀၀၀ ကျပ် နှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ တာ၀န်ရှိသူများက လိုအပ်သည်များကို ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost


No comments:
Post a Comment