မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမည့် အာရှအမျိုးသမီးချန်ပီယံလိဂ် ခြေစစ်ပွဲကို ပြည်တွင်း အမျိုးသမီးဘောလုံး ကလပ်ဖြစ်သည့် I.S.P.E အသင်းက ဝင်ရောက်ယှဉ်ရမည်ဖြစ်သည်။
I.S.P.E ကလပ်အသင်း က အဆိုပါ ပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် အသင်းကြီး၏ တိုက်စစ်မှူး မေထက်လူ၊ ဖြူဖြူဝင်း၊ ဖြူဖွေး၊ ယွန်းဝတီလှိုင်နှင့် စန်းသော်သော်တို့ကို ကာလတိုစာချုပ်ဖြင့် အငှားခေါ်ယူထားကြောင်း သိရသည်။
I.S.P.E ကလပ်အသင်းတွင် ပါဝင်မည့် လက်ရွေးစင်အဆင့် ကစားသမားများမှာ အသင်းခေါင်းဆောင်အဖြစ် ခင်မာလာထွန်း၊ လင်းလဲ့ဦး၊ ရွှေရည်ထွန်း၊ ဇူးလတ်နဒီ (ဂိုး) ၊နှင်းပွင့်အေးသန်းသန်းနွယ် ယဉ်လွန်းအိမ် (ယူ-၂၀)၊စန္ဒာလင်း (ယူ ၂၀)၊ ဖြူဖြူဝင်း၊ ဖြူဖွေး၊ ယွန်းဝတီလှိုင်၊ စန်းသော်သော်နှင့် မေထက်လူတို့ ပါဝင်ကစားသွားမည်ဖြစ်သည်။
မြန်မာကိုယ်စားပြု I.S.P.E ကလပ်အသင်းအနေဖြင့် သြဂုတ်လ (၂၈) ရက်၊ ညနေ (၄) နာရီအချိန်တွင် Khovd Western (မွန်ဂိုလီးယားကလပ်)၊ သြဂုတ် (၃၁) ရက် ၊ ညနေ (၄)နာရီအချိန်တွင် Stallion Laguna (ဖိလစ်ပိုင်ကလပ်)တို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment