ဩဂုတ် - ၃၀ ( စနေနေ့ )
ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် တို့နဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီ က ကြာသပတေးနေ့မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
မိုဒီသည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ရဲ့၂၅ ကြိမ်မြောက် နိုင်ငံ့အကြီးအကဲများ အစည်းအဝေး အတွက် ဒီကနေ့ တရုတ်နိုင်ငံသို့ သွားရောက်မှာပဲ ဖြစ်ပါတယ်။ မိုဒီက သူ့ရဲ့ အိတ်စ်ဆိုရှယ် မီဒီယာပို့စ် တွင် အိန္ဒိယသည် SCO တွင် “တက်ကြွပြီး အပြုသဘောဆောင်သော အခန်းကဏ္ဍ” တွင် ပါဝင်မယ်လို့ ရေးတင်ခဲ့ပါတယ်။
"အိန္ဒိယအနေနဲ့ အမျိုးမျိုးသော စိန်ခေါ်မှုများကို မျှဝေဖြေရှင်းရန်အတွက် SCO အဖွဲ့ဝင်များနှင့် ဆက်လက်လက်တွဲဆောင်ရွက်သွားမှာပါ။ ထိပ်သီးအစည်းအဝေးအတွင်း တရုတ်သမ္မတ ရှီကျင်ဖျင်၊ ရုရှား သမ္မတ ဗလာဒီမာပူတင်တို့ အပါအဝင် တခြားခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံသွားမှာ ဖြစ်ပါတယ်" လို့လည်း ရေးတင်ခဲ့ပါတယ်။
SCO ကို ၂၀၀၁ ခုနှစ်တွင် တရုတ်၊ ရုရှား၊ တာဂျစ်ကစ္စတန်၊ ကာဂျစ္စတန်၊ ကာဇက်စတန်နှင့် ဥဇဘက်ကစ္စတန်တို့ ပေါင်းပြီး စတင်တည်ထောင်ခဲ့တဲ့ နိုင်ငံတကာ လုံခြုံရေးအဖွဲ့ဖြစ်ပါတယ်။ အိန္ဒိယနှင့် ပါကစ္စတန်တို့သည် ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် တင်ပြည့် အဖွဲ့ဝင် ဖြစ်လာခဲ့ပါတယ်။ အဆိုပါ အဖွဲ့တွင် ယခုအခါ အီရန်နှင့် ဘီလာရုစ် တို့ ပါလာတဲ့ အတွက်ကြောင့် အဖွဲ့ဝင် ၁၀ နိုင်ငံရှိလာပြီဖြစ်ပါတယ်။
REF : RT
https://t.me/MyanmarNationalPost

No comments:
Post a Comment