ဩဂုတ် - ၄ ( တနင်္လာနေ့ )
ဘရာဇီးသမ္မတ လူလာဒါဆေးလ်ဗား က ဘရာဇီးနိုင်ငံမှာ ဖြစ်ခဲ့တဲ့ အာဏာသိမ်း ဖြစ်စဉ်ကို အမေရိကန်က ကူညီခဲ့တာနဲ့ ပတ်သက်ပြီး မေ့ထားမှာ မဟုတ်ဘူးလို့ ဆိုလိုက်ပါတယ်။ လတ်တလော ဘရာဇီးကို အမေရိကန်က စီးပွားရေး ပြစ်ဒဏ်အဖြစ် ကုန်သွယ်ခွန် မြင့်လိုက်တာကိုလည်း ရှုတ်ချလိုက်ပါတယ်။
တနင်္ဂနွေနေ့က ဘရာဇီလီယား ရှိ အလုပ်သမားပါတီပွဲတစ်ခုတွင် ပြောကြားရာတွင် လူလာက ဘရာဇီးအနေနဲ့ မမျှတသောဆက်ဆံမှုကို လက်ခံပြီး ကမ္ဘာ့စင်မြင့်ပေါ်တွင် ၎င်း၏အကျိုးစီးပွားကို ကာကွယ်ရန် အသင့်ရှိကြောင်း သတိပေးခဲ့ပါတယ်။
အမေရိကန်က ဘရာဇီးလ်ပို့ကုန်များအပေါ် စည်းကြပ်ခွန် ၅၀ % ချမှတ်ရန် ခြိမ်းခြောက်မှုများကို ရည်ညွှန်းပြီး "ကျနော်တို့ကို စီးပွားရေးအရ ပိတ်ဆို့အရေးယူဖို့အတွက် နိုင်ငံရေးပြဿနာကို အသုံးပြုရန် ကြိုးပမ်းခြင်းကို လက်ခံနိုင်ဖွယ်မရှိပါဘူး" လို့ ဆိုလိုက်ပါတယ်။
၂၀၂၂ ခုနှစ်တုန်းက သမ္မတဟောင်း ဂျားဘော်ဆိုနာရို က ရွေးကောက်ပွဲ ရလဒ်ကို လက်မခံဘဲ အာဏာသိမ်းဖို့ အတွက် ကြိုးပမ်းမှုတစ်ခုလုပ်ခဲ့တာကို အမေရိကန်က ကူညီခဲ့တာနဲ့ ပတ်သက်ပြီး သူက ရည်ညွှန်းပြောဆို လိုက်တာပါ။ ဘော်ဆိုနာရိုကို သမ္မတအဖြစ်ဆက်ရှိနေစေချင်တဲ့ အမေရိကန်အစိုးရ က လက်ရှိ ဘရာဇီးကို အခွန်းစည်းကြပ်မှုဆိုင်ရာ ခြိမ်းခြောက်မှုလုပ်နေတာတွေက ဆက်စပ်မှု ရှိနေကြောင်း၊ ဘရာဇီး အာဏာပိုင် အချို့ကို အမေရိကန်က ပိတ်ဆို့အရေးယူမှုတွေ လုပ်နေကြောင်း ၊ ဘရာဇီးနဲ့ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုက တိုးတက်နေကြောင်း၊ ဒါကြောင့် အမေရိကန်အပေါ် ကုန်သွယ်ရေး နဲ့ပတ်သက်ပြီး မှီခိုစရာ မလိုတော့ကြောင်း ပြောသွားပါတယ်။
နိုင်ငံတကာကူးသန်းရောင်းဝယ်ရေးတွင် အမေရိကန် ဒေါ်လာနေရာကို အခြားသော ငွေကြေးတွေနဲ့ အစားထိုးဖို့အတွက် ၎င်းက အတည်ပြုပြောကြားလိုက်ပါတယ်။ “သူတို့က နိုင်ငံစုံဝါဒကို အဆုံးသတ်ချင်ကြတယ်။ နိုင်ငံအသေးလေးတွေကို သူတို့က ကြီးစိုးချင်နေတာပါ။ တစ်နိုင်ငံချင်း နဲ့ အမေရိကန်က သဘောတူညီချက်တွေလုပ်တယ် ဆိုတာကို ပြန်သွားချင်ကြတာပါ။ ဥပမာပေးရမယ်ဆိုရင် အလုပ်ရှင်နဲ့ အလုပ်သမားဆက်ဆံရေး လို လုပ်ချင်နေတာပါ။ အမေရိကန်ကို ညှိနှိုင်းနေတဲ့ နိုင်ငံငယ်တွေက စက်ရုံအလုပ်သမားတွေနဲ့ တူနေပါတယ်။ ဘရာဇီးနဲ့ကတော့ သဘောတူညီချက်တွေ ပျက်ပြယ်သွားပါပြီ၊ အမေရိကန်အနေနဲ့ ဘာမှ အမြတ်ထွက်မှာ မဟုတ်ဘူး" လို့ပြောသွားပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment