ရေး၊ ဩဂုတ် ၄
မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့နယ်၌ ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် ဇီဝအချက်အလက်များ (Biometric Data) ကောက်ယူ၍ UID (Unique Identification Number) နံပါတ်ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရေးမြို့နယ် ဦးစီးမှူးရုံး၌ မြို့နယ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဝင်းနှင့် ဝန်ထမ်းများက တောင်ဘုံကျေးရွာသူ၊ ကျေးရွာသားများအား ဆက်လက်ဆောင်ရွက်ပေးသည်။
အဆိုပါပန်းခင်းစီမံချက်ဖြင့် ကျေးရွာနေပြည်သူများအတွက် ဆောင်ရွက်ပေးမှုကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရေးခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးရည်သန့်က ကြီးကြပ်ဆောင်ရွက်ပေးပြီး ပြည်သူလူထုလူမှုဘဝမြှင့်တင်ရေးတို့အတွက် e-ID စနစ်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းဆောင်ရွက်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထိုသို့ ဆောင်ရွက်ပေးခြင်းကို ကျေးရွာပြည်သူ ၁၃၀ တို့အား နေ့ချင်းပြီး ဆောင်ရွက်ပေးနိုင်ခဲ့ကာ ကျန်ရှိသည့် ကျေးရွာများကိုလည်း ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment