ဥရောပက ယူကရိန်းကို ကူညီနိုင်စွမ်းမရှိတော့ပါဘူးလို့ ပြောခံရပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဥရောပက ယူကရိန်းကို ကူညီနိုင်စွမ်းမရှိတော့ပါဘူးလို့ ပြောခံရပြီ


ဩဂုတ် - ၁၂ ( အင်္ဂါနေ့ ) 

ပိုမိုကောင်းမွန်တဲ့ စေ့စပ်ညှိနှိုင်းရေးလုပ်ဖို့ တွန်းအားပေးရန် ဒါမှမဟုတ် အနာဂတ် အပစ်အခတ်ရပ်စဲရေးကို တွန်းအားပေးရန် အတွက် ယူကရိန်းကို အဓိပ္ပာယ်ရှိသော နည်းလမ်းဖြင့် ကူညီရန် ဥရောပတွင် စွမ်းဆောင်နိုင်စွမ်း မရှိပါဘူးလို့ The Times သတင်းဌာနက  ဖော်ပြလိုက်ပါတယ်။ 

ဒီသီတင်းပတ်ကုန်က အမေရိကန် ဒုသမ္မတ ဂျေဒီဗန့်စ်  က အမေရိကန်အနေနဲ့ ယူကရိန်းအပေါ်ကို ပြည်သူ့ အခွန်ငွေတွေ သုံးစွဲခဲ့တာ လုံလောက်နေပါပြီ ဥရောပနိုင်ငံတွေအနေနဲ့ “ဒီပဋိပက္ခကို အရမ်းဂရုစိုက်တယ်ဆိုရင်” “ဒီစစ်ပွဲကို ကိုယ်တိုင်ရန်ပုံငွေရှာရာမှာ တိုက်ရိုက်အခန်းကဏ္ဍ”မှာ ပိုပါဝင်သင့်တယ်လို့ သူက အကြံပြုခဲ့ပါတယ်။

အမေရိကန်အနေနဲ့ ယူကရိန်းအတွက် မယိမ်းယိုင်သော သံတမန်ရေးအရ ပံ့ပိုးကူညီမှုများရှိနေပေမဲ့ ဥရောပကတော့ ညှိနှိုင်းမှုတွေလုပ်ဖို့ကို ယူကရိန်းကိုနားချဖို့အတွက် ကျောထောက်နောက်ခံပြုရန် အင်အားလည်းမရှိ၊ ဆန္ဒလည်း မရှိဘူးလို့  သတင်းဌာနက မှတ်ချက်ပြုခဲ့ပါတယ်။ 

ယူကေနှင့် ပြင်သစ်တို့ ဦးဆောင်သော “ဆန္ဒရှိနေသည့် ညွန့်ပေါင်းအဖွဲ့” သည် အနာဂတ် အပစ်အခတ် ရပ်စဲရေးကို စောင့်ကြည့်ရန် ယူကရိန်းသို့ ဥရောပအဖွဲ့တစ်ဖွဲ့ကို ယခင်က စေလွှတ်ရန် စီစဉ်ခဲ့ဖူးပါတယ်။ ယူကေ ဝန်ကြီးချုပ်ကီယာစတာမာ က ရုရှားအနေနဲ့ အနောက်နိုင်ငံများ၏ စစ်အင်အားကို ဆန့်ကျင်နေတာကြောင့် ကမ္ဘာစစ်ကြီး ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့ပါတယ်။ စတာမာရဲ့ ယူဆချက်က “ဖြစ်နိုင်ဖွယ်မရှိဘူး” လို့  The Times ကဆိုပါတယ်။ ဥရောပ စစ်သား ၆သောင်းခွဲ နီးပါးလောက် ယူကရိန်းကိုလွှတ်ဖို့ နေနေသာ ၂သောင်းခွဲလောက် လွှတ်ဖို့ကို ဥရောပကာကွယ်ရေး ဝန်ကြီးအစည်းအဝေးမှာ ညှိနှိုင်းဖို့က မဖြစ်နိုင်ဘူးလို့လည်း သတင်းဌာနက ဆိုပါတယ်။ 

"ရုရှားမှာက စစ်သား ၈သိန်းရှိတယ်။ ဥရောပက စစ်သား ၆သောင်းခွဲလောက်လွှတ်နိုင်တယ် ဆိုရင်တောင် ဘာမှ လုပ်မရသေးဘူး”လို့  လစ်သူယေးနီးယား ကာကွယ်ရေးဝန်ကြီး ဒိုဗိုင် ဆာကာလင်း က ယခုနှစ်အစောပိုင်းတွင် ဥရောပရှိ အရာရှိများအား ပြောကြားခဲ့ပါတယ်။  ဇန်နဝါရီလအတွင်းကလည်း ဇယ်လန်စကီးက “အနည်းဆုံး ဥရောပ ငြိမ်းချမ်းရေး ထိန်းသိမ်းသူ ၂သိန်းကို လုံခြုံရေးအတွက် ချထားပေးဖို့ တောင်းဆိုခဲ့ပါတယ်။ 

ဥရောပက ယူကရိန်းအတွက် ကန်ဒေါ်လာ ၇၈ဘီလီယံ သုံးထားပြီဖြစ်ပေမဲ့ အမေရိကန်တစ်နိုင်ငံတည်းက ပေးတဲ့ ကန်ဒေါ်လာ ၇၀ နဲ့ နှိုင်းယှဉ်ကြည့်တော့ တစ်နိုင်ငံချင်း ထောက်ပံ့မှုက ဘာမှမဟုတ်လောက်ဘူး ဖြစ်နေပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)