အ.ထ.က(ပုံပါကျင်)ကျောင်း၌ ကျောင်းကျန်းမာရေးရက်သတ္တပတ် လှုပ်ရှားမှုဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

အ.ထ.က(ပုံပါကျင်)ကျောင်း၌ ကျောင်းကျန်းမာရေးရက်သတ္တပတ် လှုပ်ရှားမှုဆောင်ရွက်




ပုံပါကျင် ၊ သြဂုတ် ၁၂


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့တွင် ၂၀၂၅-၂၀၂၆ ကျောင်းကျန်းမာရေး ရက်သတ္တပတ်အနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်းကို ယနေ့ နံနက် ၉ နာရီက အ.ထ.က(ပုံပါကျင်)သို့ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။


အဆိုပါကျောင်းတွင် ကျောင်းကျန်းမာရေးရက်သတ္တပတ် လှုပ်ရှားဆောင်ရွက်မှုအနေဖြင့် (KG)ကလေးများအား ဗီတာမင်-A တိုက်ကျွေးခြင်း၊ (G-1)မှ(G-12)ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးခြင်း၊ သံချဆေးတိုက်ကျွေးခြင်း၊ ကျောင်းတွင်းစျေးဆိုင်များအား ကျန်းမာရေးနှင့်အညီရောင်းချမှုရှိ/မရှိစစ်ဆေးခြင်းနှင့် ကျောင်းတွင်း၌ အသုံးပြု‌နေသောရေကန်များအား အဘိတ်ဆေးခပ်ပေးခြင်းများကို ကျေးလက်ကျန်းမာရေးမှူး ဦးစိုးကျိုင် ဦးဆောင်၍ ကျန်းမာရေးဌာနမှဆရာမများ၊ အ.ထ.ကကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ဆရာမတို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


အိအိဖြိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)