နျူလက်နက် နဲ့ လာမခြိမ်းခြောက်နဲ့ ပါကစ္စတန်ကို အိန္ဒိယပြော - Myanmar National Post

Myanmar National Post

News Agency

Breaking

နျူလက်နက် နဲ့ လာမခြိမ်းခြောက်နဲ့ ပါကစ္စတန်ကို အိန္ဒိယပြော


ဩဂုတ် - ၁၂ ( အင်္ဂါနေ့ ) 

တနင်္ဂနွေနေ့က ပါကစ္စတန် စစ်ဦးစီးချုပ် အဆင်မူနားက ဖြေရှင်းလို့မရရင် နျူ့လက်နက်ပဲ သုံးဖို့ရှိတော့တယ် လို့ ဆိုလိုက်တဲ့ စကားအပေါ် အိန္ဒိယဘက်က ၎င်းကို အဆင်ခြင်မရှိ တာဝန်မဲ့စကားတွေကို ပြောတယ်လို့ ပြစ်တင် စွပ်စွဲ လိုက်ပါတယ်။ 

တနင်္လာနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီလို ခြိမ်းခြောက်မှုတွေကို ခွင့်မပြုနိုင်ဘူးလို့ ပြောပါတယ်။ မူနားက ပါကစ္စတန်အနေနဲ့ အိန္ဒိယနဲ့ ပဋိပက္ခဖြစ်ပွားလာရင် နျူကလီးယား စစ်ပွဲကို ဆင်နွှဲရန် ဆန္ဒရှိကြောင်း ပြောဆိုတာနဲ့ ပတ်သက်ပြီး အိန္ဒိယဘက်က တုံ့ပြန်လိုက်တာပါ။ 

“အမေရိကန်ကို အလည်အပတ်ရောက်ရှိနေစဉ် ပါကစ္စတန်စစ်တပ်ဦးစီးချုပ်က ပြောကြားခဲ့တဲ့ မှတ်ချက်တွေကို ကျနော်တို့ ဂရုတစိုက်ကြည့်နေပါတယ်။ နျူကလီးယားနဲ့ ဓားပြတိုက်ဖို့ လုပ်နေတာက ပါကစ္စတန်ရဲ့ စတော့ရှယ်ယာ ရောင်းဝယ်မှုလိုမျိုးဖြစ်နေတယ်” လို့ အိန္ဒိယ နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ရန်ဒီယာ ဂျေစ်ဝယ် က တနင်္လာနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ 

ဖလော်ရီဒါက အစည်းအဝေးတစ်ရပ်မှာ မူနားက ဥပမာတစ်ခုပေးသွားပါတယ်။ “ အိန္ဒိယဆိုတာ အဝေးပြေးလမ်းမကြီးပေါ်မှာ အရောင်တွေတဖိတ်ဖိတ် ထနေတဲ့ မာစီဒီး ကားကြီးတစ်စင်းပေါ့။ ကျနော်တို့ကတော့ စုတ်ပြတ်သက်နေတဲ့ ကျောက်စရစ်တွေ အပြည့်တင်ထားတဲ့ ကုန်တင်ကားတစ်စီးပါ။  တိုက်ရဲရင်တိုက်ကြည့်ပေါ့ ။ ဘယ်သူရှုံးမလဲဆိုတာကို စောင့်ကြည့်ရုံပါပဲ။ ( မတ်စေ့ နဲ့ ကျပ်စေ့လဲ ရဲရင်လဲကြည့်) ဆိုပြီး ပြောသွားပါတယ်။ 

မူနားက  အမေရိကန် CENTCOM အကြီးအကဲ ဗိုလ်ချုပ်ကြီး မိုက်ကယ် ကူရေးလား ရဲ့ အငြိမ်းစားယူ နှုတ်ဆက် ညစာစားပွဲသို့ တက်ရောက်ရန် အမေရိကန်သို့ လာခဲ့တာပဲဖြစ်ပါတယ်။  ဇွန်လတုန်းကလည်း ဒေါ်နယ်ထရမ့်က သူ့ကို သီးသန့်နေ့လယ်စာစားပွဲသို့ ဖိတ်ကြားခဲ့ပါတယ်။ မူနားက အိန္ဒိယနှင့် ပါကစ္စတန်ကြား စစ်ရေးအရ ထိပ်တိုက်တွေ့မှု အဆုံးသတ်ရေး စေ့စပ်ညှိနှိုင်းရေး ကြိုးပမ်းမှုများကို ကိုးကားပြီး အမေရိကန် သမ္မတအား နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ရန် တောင်းဆိုခဲ့ပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)