ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် YOUTH FORUM “Local Youth Actions For The SDGs And Beyond” “လူငယ်စွမ်းအားမှသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်ဆီသို့” အခမ်းအနားသို့ တက်ရောက်အားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် YOUTH FORUM “Local Youth Actions For The SDGs And Beyond” “လူငယ်စွမ်းအားမှသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်ဆီသို့” အခမ်းအနားသို့ တက်ရောက်အားပေး





အင်းစိန်၊ ဩဂုတ် ၁၂

ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် YOUTH FORUM “Local Youth Actions For The SDGs And Beyond” “လူငယ်စွမ်းအားမှသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်ဆီသို့” အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက စတင်၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်း၊ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC)တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက တက်ရောက်အားပေးကြသည်။

ဦးစွာ အခမ်းအနားတွင် လူငယ်အသိပညာပေးဟောပြောခြင်းများနှင့် လူငယ်စကားဝိုင်းဆောင်ရွက်ခဲ့သည့် မှတ်တမ်း Video Clip အား ပြသပြီး ဟောပြောခဲ့ကြသူများနှင့် လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့ကြသူများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အဖွဲ့က “၂၀၃၀ ပြည့်နှစ် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးမှုအစီအစဉ်အဖြစ် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် (၁၇)ခု”ပါ ပန်းတိုင်များအား အုပ်စု(၅)စု ခွဲ၍ “လူငယ်များပါဝင်သည့် တိုးတက်ခိုင်မာအားကောင်းသော လူမှုအသိုက်အဝန်း ဖော်ဆောင်ရေး”၊ “ပညာပြည့်ဝ ကျန်းမာမှ လူငယ်ဘဝလှပမည်” ၊ “စက်မှု၊ စီးပွား၊ နည်းပညာနှင့် လူငယ်များ၏ အနာဂတ်”၊ “တရားမျှတသော အခွင့်အလမ်းများဖြင့် တည်တံ့သော ငြိမ်းချမ်းရေးတည်ဆောက်မည့်တို့လူငယ်”နှင့် “သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီသော မြို့ပြနှင့် ကျေးလက်လူငယ်များ၏ လူမှုအသိုက်အဝန်း” ခေါင်းစဉ်များဖြင့် လူငယ်များမှ ဆွေးနွေးနေမှုများနှင့် ပြသထားသည်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။


ဇွဲထက်ကို 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)