ဩဂုတ် - ၂၀ (ဗုဒ္ဓဟူးနေ့)
နော်ဝေး အိမ်ရှေ့မင်းသားဟာရာကွန် ရဲ့ ကြင်ယာတော် မက်တီမာရစ် ရဲ့ မယာပါသား မာရီရက်စ် ဟွိုင်ဘီ ( ၂၇ နှစ်) ကို နော်ဝေး အာဏါပိုင်တွေက မုဒိမ်းမှု ၄ မှု အပါအဝင် ပြစ်မှု ၃၂ မှုနဲ့ တရားစွဲဆိုထားပါတယ်။
"ကျနော်ရဲ့ အမှုသည်က လိင်ပိုင်းဆိုင်ရာအလွဲသုံးစားပြုမှုဆိုင်ရာ စွဲချက်အားလုံးအပြင် အကြမ်းဖက်မှုနှင့် ပတ်သက်တဲ့ စွဲချက်အများစုကို ငြင်းဆိုထားပါတယ်" လို့ ဟွိုင်ဘီရဲ့ တွဲဖက်ရှေ့နေ ပီတာဆီကူလစ်က ပြောပါတယ်။
မတူညီတဲ့ အမျိုးသမီး ၄ ဦးက သူ့ကို မုဒိမ်းမှု၊ အိမ်တွင်း အကြမ်းဖက်မှု၊ သဘောမတူဘဲ လိင်ဆက်ဆံမှုကို ရုပ်ရှင် ရိုက်ကူးမှု တို့နဲ့ တရားစွဲထားပြီး အဲ့ဒိအမှုတွေက ၂၀၁၈ ကတည်းက စွဲထားတာ ရုံးချိန် ရက်ရွေ့နေတာ ၂၀၂၄ခုနှစ်အထိဖြစ်ပါတယ်။ မနှစ်က နိုတင်ဘာလမှာ အမည်မဖော်လိုတဲ့ တော်ဝင်မျိုးနွယ်ထဲက တစ်ယောက်က ဟွိုင်ဘီ က အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးအား စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာအရ ထိခိုက်စေသောနည်းဖြင့် “တိုက်ခိုက်” ခဲ့ကြောင်း သတင်းမီဒီယာတွေကို ဖောက်ချလိုက်တဲ့အချိန်မှာ လူသိရှင်ကြားဖြစ်ခဲ့တာပါ။
နောက်ပိုင်းတွင် တားမြစ်မိန့်ကို ဖောက်ဖျက်ကျူးလွန်ခြင်းနှင့် လိုင်စင်မရှိဘဲ ကားမောင်းနှင်ခြင်း အပါအဝင် ပဏာမစွဲချက်များဖြင့် ဖမ်းဆီးခံခဲ့ရတာပါ။ တနင်္လာနေ့က ဟွိုင်ဘီက "တရားရုံးရှေ့မှောက်တွင် သူရဲ့ ဖြစ်ရပ်များ၏ အသေးစိတ်တင်ပြလိမ့်မယ်" လို့ ရှေ့နေက ပြောပါတယ်။
REF: UPI
https://t.me/MyanmarNationalPost

No comments:
Post a Comment