အကြမ်းဖက်သမားတွေကို ထောက်ပံ့နေတဲ့ ကျောင်းသား ၆၀၀၀ ကျော်ရဲ့ဗီဇာကို အမေရိကန်အစိုးရ ရုပ်သိမ်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကြမ်းဖက်သမားတွေကို ထောက်ပံ့နေတဲ့ ကျောင်းသား ၆၀၀၀ ကျော်ရဲ့ဗီဇာကို အမေရိကန်အစိုးရ ရုပ်သိမ်း



ဩဂုတ် - ၂၀ (ဗုဒ္ဓဟူးနေ့)

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အစိုးရအဖွဲ့က အကြမ်းဖက်ဝါဒကို ပံ့ပိုးပေးနေတဲ့ လူနည်းစု အပါအဝင် ကျောင်းနေခွင့်ဗီဇာ ၆,၀၀၀ ကျော်ကို ရုပ်သိမ်းလိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန အရာရှိတစ်ဦးကို ကိုးကားပြီး ရိုက်တာ သတင်းမှာ ဖော်ပြလိုက်ပါတယ်။  

လူဝင်မှုကြီးကြပ်ရေး ဖြိုခွင်းမှုရဲ့ တစ်စိတ်တစ်ပိုင်းအနေဖြင့် ထရမ့်အစိုးရက ကျောင်းသားဗီဇာအပေါ် အထူးတင်းမာသော ချဉ်းကပ်မှုတစ်ရပ်ကို လက်ခံကျင့်သုံးပြီး ဆိုရှယ်မီဒီယာများကို တင်းတင်းကျပ်ကျပ် စစ်ဆေးခြင်းနှင့် စိစစ်ခြင်းတို့ကို ချဲ့ထွင်လိုက်ခြင်း ဖြစ်ပါတယ်။ ယခုနှစ်အတွင်းမှာ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ညွှန်ကြားချက်များအရ အမေရိကန်ကို ရန်လိုသူအဖြစ် မြင်နိုင်ပြီး နိုင်ငံရေး တက်ကြွမှု သမိုင်းကြောင်းရှိတဲ့ လျှောက်ထားသူမှန်သမျှကို သတိထားရန် ပြည်ပမှ အမေရိကန် သံရုံးများအား ညွှန်ကြားထားပါတယ်။ 

အမေရိကားကို လာရောက်လည်ပတ်သူများတွင်လည်း ဥပဒေကို ချိုးဖောက်ထားတဲ့ ဗီဇာ ၄၀၀၀ ခန့်ကို ဖျက်သိမ်းခဲ့ရပြီး အကြမ်းဖက်ဝါဒအတွက် ဗီဇာ ၂၀၀ မှ ၃၀၀ ခန့်ကို ရုပ်သိမ်းခဲ့ကြောင်း နိုင်ငံခြားရေးဌာနရဲ့ နိုင်ငံခြားရေး လက်စွဲအရ ဗီဇာအရည်အချင်းမပြည့်မီမှုဆိုင်ရာ စည်းမျဉ်းကို ကိုးကားပြီး တာဝန်ရှိသူက ပြောကြားခဲ့ပါတယ်။ 

ဂါဇာစစ်ပွဲအတွင်း ပါလက်စတိုင်းအခွင့်အရေးအတွက် ထောက်ခံအားပေးနေသည့် ကျောင်းသားဆန္ဒပြမှုများအပြီး မှာ ထရမ့် အစိုးရက ထိပ်တန်းတက္ကသိုလ်အများအပြားက အစိုးရကို ဆန့်ကျင်ဘက်ပြုမှုရဲ့ ခံတပ်များဖြစ်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ 

ဟားဗတ်နှင့် ထိပ်တိုက်တွေ့ချိန်မှာ ထရမ့်က စုံစမ်းစစ်ဆေးမှုများအတွက် ရန်ပုံငွေကို ခေတ္တရပ်တန့်ခဲ့ပြီး တက္ကသိုလ်ရဲ့ အခွန်ကင်းလွတ်ခွင့်အခြေအနေကို ဖယ်ရှားပစ်မည်ဟု ခြိမ်းခြောက်ခဲ့ပြီး အရည်အချင်းရှိသူများကို ဆွဲဆောင်ရန် သုတေသနထောက်ပံ့ကြေးများ တိုးမြှင့်ပေးရန် ဥရောပနိုင်ငံများစွာကို လှုံ့ဆော်ခဲ့ပါတယ်။ 

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကိုရူယီယိုက ကျောင်းသားတွေ အပါအဝင် ထောင်နဲ့ချီတဲ့ ဗီဇာတွေကို ရုပ်သိမ်းလိုက်ပြီလို့ ပြောပါတယ်။ ကျောင်းသားဗီဇာနှင့် အစိမ်းရောင်ကတ်ကိုင်ဆောင်သူများသည် ပါလက်စတိုင်းကို ထောက်ခံမှုနှင့် ဂါဇာစစ်ပွဲတွင် အစ္စရေးရဲ့အပြုအမူအပေါ် ဝေဖန်မှုများကြောင့် ပြည်နှင်ဒဏ်ခံရနိုင်တယ်လို့ ထရမ့်အစိုးရအဖွဲ့ အရာရှိများက ပြောကြားပြီး ၎င်းတို့၏လုပ်ရပ်များသည် အမေရိကန်၏နိုင်ငံခြားရေးမူဝါဒကို ခြိမ်းခြောက်ကာ ဟားမတ်စ်လိုလားသူများဖြစ်သည်ဟု စွပ်စွဲထားပါတယ်။ 


REF: CGTN

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)