ဩဂုတ် - ၁၉ ( အင်္ဂါနေ့ )
စပိန်တွင် တောမီးလောင်ကျွမ်းမှုကြောင့် လေးဦးမြောက် လူတစ်ဦး သေဆုံးခဲ့ပြီး ဥရောပတိုက်ရှိ ရာသီဥတု ဖောက်ပြန်မှု အရှိန် ပိုမိုဆိုးရွားလာနေပါတယ်။
စပိန်နိုင်ငံ တောင်ဘက်စွန်းရှိ ကာဒစ် တွင် တနင်္ဂနွေနေ့က အပူချိန် ၁၀၈ ဒီဂရီဖာရင်ဟိုက်အထိ မြင့်မားခဲ့တာ ဖြစ်လို့ မီးဘေးအန္တရာယ်ကို သတိထားရန် ပြည်သူများအား တနင်္လာနေ့တွင် သတိပေးထားပါတယ်။
ဝန်ကြီးချုပ် ပီဒရို ဆန်ချက်ဇ် က တနင်္လာနေ့နံနက်တွင် စပိန်နိုင်ငံ၏ သစ်တောမီးလောင်ကျွမ်းမှုဆိုင်ရာ ညှိနှိုင်းရေးနှင့် စီမံခန့်ခွဲရေးကော်မတီ၏ အစည်းအဝေးခေါ်ပြီး လုပ်ဆောင်ရမယ့်ကိစ္စတွေကို ဆွေနွေးခဲ့ပါတယ် ။
ဂလေစီယာ အနောက်မြောက်ပိုင်းတွင် မီးလောင်ကျွမ်းမှု ၁၂ နေရာရှိပြီး အူရီဆီ ဒေသတွင် တောမီးကတော့ ထိန်းမနိုင်သိမ်းမရ ဖြစ်နေဆဲဖြစ်ကြောင်း သိရပါတယ်။
အနောက်မြောက်နှင့် အနောက်ဘက်တွင် စပိန်အရပ်သား ၂၇,၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီး မီးလောင်မှုအပြင်းထန်ဆုံးဖြစ်သော လီယွန်နှင့် ကာစတီးလ် ဒေသတို့မှာ ဧက ၂၇၂၀၀ နီးပါး မီးလောင်ခဲ့ပါတယ်။ အဲ့ဒိဒေသတွေမှာ မီးလောင်မှုကြောင့် လူငါးဦး ဒဏ်ရာရရှိခဲ့ပြီး လေးဦးက စိုးရိမ်ရသော အခြေအနေသို့ ရောက်ရှိခဲ့ပါတယ်။ တနင်္လာနေ့ကလည်း ဒေသဆိုင်ရာ ဘူတာရုံက မီးခိုးများကြောင့် အသက်ရှူမဝခဲ့ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။
REF: UPI
https://t.me/MyanmarNationalPost


No comments:
Post a Comment