ဩဂုတ် - ၂၀ (ဗုဒ္ဓဟူးနေ့)
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် က အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို မြောက်ကိုရီးယားနားမှာ လာလာလုပ်နေတာက စစ်မီးမွှေးလိုတဲ့ ဆန္ဒကို ပြနေတာပဲ လို့ ဆိုလိုက်ပါတယ်။ အဲ့ဒိစကားကို ကိုးကားပြီး မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာနဖြစ်တဲ့ KCNA က မြောက်ကိုရီးယား အနေနဲ့ နျူကလီးယားစွမ်းရည်ကို အရှိန်အဟုန်ဖြင့် ချဲ့ထွင်ရတာပဲ ဖြစ်တယ်လို့ ဒီကနေ့ ဖော်ပြလိုက်ပါတယ်။
“အမေရိကန်-ကိုရီးယားဟာ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးကို တင်းတင်းကျပ်ကျပ် တိုးမြှင့်လုပ်ဆောင် နေတာက စစ်ပွဲကို မီးမွှေးဖို့ သူတို့ရဲ့ ဆန္ဒကို အထင်ရှားဆုံး ထုတ်ဖော်မှုပါပဲ” လို့ ကင်မ်က ပြောကြားခဲ့ကြောင်း အစိုးရပိုင် KCNA က ရေးသားခဲ့ပါတယ်။
အမေရိကန်နှင့် တောင်ကိုရီးယားတို့သည် ၁၁ ရက်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်သည့်နေ့တွင်ပင် နမ်းပို သင်္ဘောကျင်းတွင် မြောက်ကိုရီးယားရဲ့ ပထမဆုံး တန်ချိန် ၅,၀၀၀ ရှိတဲ့ ဖျက်သင်္ဘော ချိုဟွန်း ကို စစ်ဆေးနေစဉ် ကင်ဂျုံအွန်က မှတ်ချက်ပြုပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။
နှစ်စဉ်နွေရာသီရောက်တိုင်း အယ်လ်ချီ လွတ်မြောက်ရေး ဒိုင်း ပူတွဲစစ်ဆင်ရေး လေ့ကျင့်မှုကို အမေရိကန် စစ်သား ၃၀၀၀ နဲ့ တောင်ကိုရီးယား စစ်သား ၁၈၀၀၀ တို့ပေါင်းပြီး လုပ်ကြတာပါ။ အမေရိကန် - တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုရဲ့ သဘောသဘာဝအရကိုက အမြဲတမ်း ရန်စပြီး အန္တရာယ်များတဲ့ လုပ်ရပ်တွေကို ဆွဲငင်နေတာပါလို့ KCNA က ဖော်ပြခဲ့ပါတယ်။
"DPRK ရဲ့ လုံခြုံရေးပတ်ဝန်းကျင်က တနေ့ထက်တနေ့ ပိုပိုပြီး ဆိုးရွားလာနေပြီး လက်ရှိအခြေအနေမှာ ရှိရင်းစွဲ စစ်ဘက်ဆိုင်ရာ သီအိုရီနဲ့ အလေ့အကျင့်အတွက် လျင်မြန်တဲ့ အပြောင်းအလဲနဲ့ နျူကလီးယား ထုတ်လုပ်မှုကို အရှိန်အဟုန်နဲ့ ချဲ့ထွင်ဖို့ လိုအပ်ပါတယ်" လို့ ရေးသားဖော်ပြခဲ့ပါတယ်။
REF: UPI
https://t.me/MyanmarNationalPost


No comments:
Post a Comment