မဟာအောင်မြေမြို့နယ်၌ ပြည်သူများအား အခြေခံစားသောက်ကုန်များကို အထူးသက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မဟာအောင်မြေမြို့နယ်၌ ပြည်သူများအား အခြေခံစားသောက်ကုန်များကို အထူးသက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိ

 



‎မဟာအောင်မြေ  ၊ ဩဂုတ် ၁၂


‎မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ မန္တလေးတိုင်းဒေသကြီး ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ဆန်၊ ဆီ၊ ကြက်ဥ၊ ဘဲဥ၊ ငါးများကို အထူးသက်သာသောဈေးနှုန်းဖြင့် ရုံးဖွင့်ရက်များတွင် မြို့နယ်အလိုက် ရောင်းချပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်-၂ ရပ်ကွက် ၆၂လမ်း (၃၉x၄၀) လမ်းကြားတွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။


‎ဆက်လက်၍ သက်သာဈေးရောင်းချမည့် အစီအစဉ်ကို ဩဂုတ် (၁၃) ရက်နေ့တွင် ချမ်းအေးသာစံမြို့နယ်၊ စိတ္တရမဟီရပ်ကွက်၊ ၇၄ လမ်း (၂၇x၂၈) လမ်းကြားတွင်လည်းကောင်း၊ ဩဂုတ် (၁၄) ရက်နေ့တွင် အောင်မြေသာစံမြို့နယ်၊ ၆၄ လမ်း (၂၃x၂၄) လမ်းကြား၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင်လည်းကောင်း၊ ဩဂုတ် (၁၅) ရက်နေ့တွင် ချမ်းအေးသာစံမြို့နယ်၊ ရွှေလှံရပ်ကွက်၊ ၂၇ လမ်း၊ ၂၇ လမ်း (၇၁x၇၂) လမ်းကြားလည်းကောင်း ရောင်းချပေးသွားမည်ဖြစ်သည်။


‎ထိုသို့ တိုက်ရိုက်ရောင်းချနေမှု အစီအစဉ်ကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးနှင့် တာဝန်ရှိသူများ၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဈေးနှင့် သားသတ်ဌာန ဌာနမှူး ဦးသက်နိုင်နှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်၍ ပြည်သူများ အဆင်ပြေစွာ ဝယ်ယူရရှိနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


‎အောင်ဇော်မင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)