အခြေခံပညာမူလတန်းကျောင်း အ.မ.က(ရေတာရှည်)ကျောင်း၌ စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အခြေခံပညာမူလတန်းကျောင်း အ.မ.က(ရေတာရှည်)ကျောင်း၌ စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ




ကော့မှူး ၊  ဩဂုတ် ၁၂


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတများရရှိပြီး စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယမန်နေ့နံနက်က ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် အခြေခံပညာမူလတန်းကျောင်း (ရေတာရှည်)ကျောင်း၌ စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲအား ကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ကျောင်းသား/ကျောင်းသူများအနေဖြင့် ငယ်ရွယ်စဉ်အချိန်ကပင် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် အားလပ်ချိန်များတွင် စာပေများလေ့လာဖတ်ရှုကြရန်၊ စာပေမြင့်မှလူမျိုးတင့်မည်ဖြစ်ကြောင်း၊ ပညာသည်ရွှေအိုးနှင့်တူကြောင်း၊ ပညာရှာဖွေရာတွင် ပြည်စုံသည်ဟူ၍မရှိသဖြင့် အားလပ်သည့်အချိန်တိုင်း မိမိဝါသနာပါသည့် ပညာတစ်မျိုးမျိုးကိုလေ့လာ၍ အားလပ်သည့်အချိန်များတွင် စာအုပ်စာပေများ လေ့လာဖတ်ရှုသွားကြရန်၊ စာဖတ်ခြင်းသည် စာဖတ်သူအတွက် အသိပညာကျယ်ပြန့်စေရုံသာမက စိတ်နှလုံးကိုလည်း သိမ်‌မွေ့စေကြောင်း၊ တွေးတောဆင်ခြင်နိုင်သည့်စွမ်းရည်ကို မြင့်မားစေနိုင်သည်နှင့်အမျှ ကောင်းမှုနှင့်မကောင်းမှု၊ အမှန်နှင့်အမှားတို့ကို ခွဲခြားသိမြင်နိုင်စေ‌ကြောင်း၊ စာဖတ်ခြင်းသည် ဗဟုသုတကြွယ်ဝစေရုံသာမက စကားလုံးဝေါဟာရများကိုလည်း တိုးပွား‌‌စေရာ စာများများဖတ်သူသည် စကားပြောရာတွင်လည်း လိမ္မာပြေပြစ်စွာ၊ ပညာသားပါပါ၊ ချိုချိုသာသာပြောနိုင်စွမ်းရှိကြ‌ကြောင်း၊ စာဖတ်ခြင်းဖြင့် ဦးနှောက်ကိုအားကောင်းစေခြင်း၊ တခြားသူအပေါ် စာနာနားလည်နိုင်စွမ်းမြင့်မားလာခြင်း၊ စိတ်ဖိစီးမှုကိုလျှော့ချခြင်းနှင့် ဝေါဟာရအသုံးအနှုန်း ကြွယ်ဝလာခြင်း စသည့် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများအား ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား/ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာနေကြကြောင်း သိရသည်။


ကျော်သူရ 

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)