ကြံခင်းမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းပြုလုပ်



ကြံခင်း၊ ဩဂုတ် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့မရပ်ကွက်၊ မြို့နယ်သာသနာ့ဗိမာန်တော်တွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်ဝင်းဝင်းမြင့်က MEVM စက်ဖြင့် စမ်းသပ်မဲပေးမှု အဆင့်ဆင့်လုပ်ငန်းစဉ်များကို Power point ဖြင့် အသေးစိတ်ရှင်းလင်းပြောကြားပြီး  တက်ရောက် လာကြသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာအသီးသီးမှ အကြီးအကဲများ၊ ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့များ၊ မဲဆန္ဒရှင်ပြည်သူများက တစ်ဦးချင်း လက်တွေ့စမ်းသပ်မဲပေးခဲ့ကြသည်။  ထို့သို့ မြန်မာအီလက် ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့သရုပ်ပြ မဲပေးနေမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အဖွဲ့ဝင် ဗိုလ်မှူး သောင်းထွဋ်လွင်၊ အတွင်းရေးမှူး မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ကြည်စိုး၊ အဖွဲ့ဝင် ဦးကျော်ကျော်၊ အဖွဲ့ဝင် မြို့နယ်ဥပဒေအရာရှိ၊ အဖွဲ့ဝင် မြို့နယ်စီမံကိန်း ဦးစီးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့ စမ်းသပ်မဲပေးခြင်းကို ရပ်ကွက်၊ ကျေးရွာများမှ မဲဆန္ဒရှင်ပြည်သူများအား ဩဂုတ်လ ၁၈ ရက်နေ့မှ ဩဂုတ်လ ၂၅ ရက်နေ့အထိ တစ်ရက်လျှင် ၂၅၀၀ ဦး ခန့် လက်တွေ့သရုပ်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)ရုံး မှ သိရသည်။


ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)