ဩဂုတ် - ၂၆ ( အင်္ဂါနေ့ )
ဒီလအစောပိုင်းမှာ ရာထူးကို လက်ခံလိုက်တဲ့ ပိုလန်သမ္မတ ကာရိုနော်ရော့ကီက ယူကရိန်းသားတွေကို အကူအညီဆက်ပေးဖို့ရာအတွက် မဖြစ်နိုင်တော့လို့ ယူကရိန်းသားတွေကို အကူအညီပေးရေးဥပဒေကို ပြင်ဆင်ရလိမ့်မယ်လို့ ပြောလာပါတယ်။
ယူကရိန်းစစ်ဘေးရှောင်တွေကို ငွေကြေးအကူအညီပေးရေးကိစ္စကို သက်တမ်းတိုးဖို့ကိစ္စက မဖြစ်နိုင်တော့ဘူး လို့ ၎င်းက ဆိုပါတယ်။ လာမယ့်စက်တင်ဘာလအတွင်းမှာ သက်တမ်းကုန်ဆုံးတော့မဲ့ ငွေပေးချေရေးစနစ်ကို ဗီတိုအာဏာ သုံးပြီးပယ်ချမယ်လို့လည်း ဆိုပါတယ်။ အဲ့ဒိဆုံးဖြတ်ချက်ကို ကြေငြာရာမှာ ပိုလန်တွင် အလုပ်လုပ်နေတဲ့ ယူကရိန်းနိုင်ငံသားများသာ အကျုံးဝင်သင့်တယ်လို့လည်း ပြောပါတယ်။
"ယူကရိန်းနိုင်ငံသားတွေကို အကူအညီတွေ ပေးအပ်ဖို့ ကျနော်တို့ ပွင့်ပွင့်လင်းလင်း ရှိနေဆဲပါပဲ။ ဒါပေမယ့် သုံးနှစ်ခွဲကြာလာပြီဖြစ်လို့ ကျနော်တို့ရဲ့ ဥပဒေကို ပြင်ဆင်သင့်ပါတယ်" လို့ နော်ရော့ကီး က ထုတ်ပြန်ချက်တွင် ဖော်ပြလိုက်ပါတယ်။
ဗီတိုအာဏာသုံး ဥပဒေကြမ်းက ယူကရိန်းနိုင်ငံသားများအတွက် လက်ရှိအကျိုးခံစားခွင့်များကို ၂၀၂၆ မတ်လ အထိသာ သက်တမ်းတိုးပေးမှာဖြစ်ပါတယ်။ ယူကရိန်း- ရုရှားပဋိပက္ခ ပြင်းထန်လာတဲ့ ၂၀၂၂ ခုနှစ်ကနေစပြီး ယူကရိန်းစစ်ဘေးရှောင်တွေက ပိုလန်နိုင်ငံထဲကို ပြေးဝင်လာကြတာပါ။ ယူကရိန်းသား ၁ သန်းကျော်က လက်ရှိမှာ ပိုလန်နိုင်ငံထဲမှာ နေထိုင်နေကြပါတယ်။
“သမ္မတ နော်ရော့ကီး က ယူကရိန်းသားတွေအနေနဲ့ တခြားနိုင်ငံသားတွေထက်ပိုပြီး အခွင့်ထူးခံ ဆက်ဆံခံနေရတာကို သဘောမကျပါဘူး။ ဒါကြောင့် ယူကရိန်းနိုင်ငံသားတွေအတွက် အကူအညီပေးရေးဥပဒေကြမ်းကို လက်ရှိပုံစံနဲ့ ဗီတိုအာဏာသုံးဖို့ ဆုံးဖြတ်ပြီး သူ့ကိုယ်ပိုင် ဥပဒေကြောင်းအရ အဆိုပြုချက်တွေကို တင်ပြသွားမှာပါ” လို့ သမ္မတရုံးက ပြောပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment