လားရှိုးမြို့တွင် ကားလုခံရသည့် ဖြစ်စဉ်အပေါ် ရိုင်းစိုင်းစွာ ရေးသားဖော်ပြခဲ့သူ ဖမ်းဆီးထိန်းသိမ်းခံရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးမြို့တွင် ကားလုခံရသည့် ဖြစ်စဉ်အပေါ် ရိုင်းစိုင်းစွာ ရေးသားဖော်ပြခဲ့သူ ဖမ်းဆီးထိန်းသိမ်းခံရ




တောင်ကြီး၊ သြဂုတ် ၂၇

Lashio Baegyi Facebook Account မှ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် မဟုတ်မမှန်သတင်းများရေးသား ဖြန့်ဝေထားကြောင်း သိရှိရသဖြင့် Facebook Account ပိုင်ရှင်အား တာဝန်ရှိသူများမှ သြဂုတ်လ (၂၄)ရက်နေ့က ရှာဖွေစစ်ဆေးခဲ့ရာ အေးသာယာမြို့၊ ရပ်ကွက်(၁)၊ အမှတ်(၄၄/၅၇)နေ နေသွေး ၃၆ နှစ်အား နေအိမ်၌ အသင့်တွေ့ရှိရပြီး ၎င်းကိုင်ဆောင်သည့် Xiaomi Civi-1 အမျိုးအစားဖုန်းအား ဆက်လက်စစ်ဆေးခဲ့ရာ လူမှုကွန်ရက်တွင် Lashio Baegyi Facebook Account ဖွင့်လှစ်ထားပြီး ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအား ပျက်ပြားစေရန် လူမှုကွန်ရက်တွင် ရေးသားဖြန့်ဝေထားသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် အေးသာယာနယ်မြေရဲစခန်းမှ ပြစ်မှုပုဒ်မ - ၂၃(က)နှင့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Lashio Baegyi အမည်ဖြင့် Facebook အသုံးပြုသူက "မဲပေးဖို့ချည်း ဇွတ်ပြောပြီး မင်းတို့က ဘာကောင်တွေလဲဆိုတဲ့ ဟို ကိုယ်မေကိုယ်လိုး စောက်လုံးပါရင် သေချာကြည့်။ ပြည်သူဆီက မဲလိုချင်ရင် ပြည်သူကို ဘယ်လိုအကျိုးပြုရမလဲ စဉ်းစား အလကားနေ ဘာမှ စောက်ဖြစ်မရှိပဲ ပြည်သူဆီက မဲလိုချင်ရင်တော့ လမွှေးပဲ ရမယ် -ီးဆိုရင် ဖြုတ်ရောင်းစားမှာစိုးလို့" ဟု ရိုင်းပြစွာ ရေးသားဖြန့်ဝေထားသည်ကို တွေ့ရသည်။

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ "ပုဒ်မ ၁၆။ မည်သူမျှ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များကိုဖြစ်စေ သို့မဟုတ် လုပ်ငန်းစဉ်၏တစ်စိတ်တစ်ဒေသကိုဖြစ်စေ ပျက်ပြားစေရန် ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးခြင်း၊ လှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း သို့မဟုတ် စာရေးသားဖြန့်ချိခြင်းတို့ကို မည်သည့်နည်းနှင့်မျှမပြုရ။" ဟု တားမြစ်ထားသည်။ တားမြစ်ချက်ကို ချိုးဖောက်ပါက "ပုဒ်မ ၂၃။ မည်သူမဆို- (က) ပုဒ်မ ၁၆ ပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ်အနည်းဆုံး သုံးနှစ်မှ အများဆုံး ခုနစ်နှစ်အထိချမှတ်ရမည့်ပြင် ငွေဒဏ် လည်းချမှတ်နိုင်သည်၊ (ခ) ယင်းပြစ်မှုကို လူစုလူဝေးဖြင့် ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ပြစ်မှု ကျူးလွန်သူများအား ထောင်ဒဏ် အနည်းဆုံးငါးနှစ်မှ အများဆုံးဆယ်နှစ်အထိချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။" ဟု ပြဋ္ဌာန်းထားခြင်း ဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)