မြန်မာသံအမတ်ကြီးက မြန်မာ-ရိုမန် အက္ခရာနှစ်မျိုးဖြင့် ပြုစုထားသော ဆဋ္ဌသင်္ဂါယနာမူ ပိဋကသုံးပုံ ပါဠိတော် ကျမ်းစာအုပ်များအား ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြိုရှိ Wat Langka ကျောင်းတိုက် ဆရာတော်ထံလှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာသံအမတ်ကြီးက မြန်မာ-ရိုမန် အက္ခရာနှစ်မျိုးဖြင့် ပြုစုထားသော ဆဋ္ဌသင်္ဂါယနာမူ ပိဋကသုံးပုံ ပါဠိတော် ကျမ်းစာအုပ်များအား ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြိုရှိ Wat Langka ကျောင်းတိုက် ဆရာတော်ထံလှူဒါန်း




ဖနောင်ပင်၊ သြဂုတ် ၂၇

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမင်းနှင့် ဇနီး ဒေါ်ဇာနည်ကျော် ဦးဆောင်သည့် မြန်မာသံရုံးဝန်ထမ်းများသည် နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့က လှူဒါန်းသည့် မြန်မာ-ရိုမန် အက္ခရာနှစ်မျိုးဖြင့် ပြုစုထားသော ဆဋ္ဌသင်္ဂါယနာမူ ပိဋကသုံးပုံပါဠိတော် ကျမ်းစာအုပ်များအား ၂၅-၈-၂၀၂၅ ရက်၊ နံနက် (၁၁ ၃၀) နာရီတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြိုရှိ Wat Langka ကျောင်းတိုက်ဆရာတော်နှင့် သံဃာ့လွှတ်တော် ဒုတိယ နာယကဆရာတော်ကြီး ဆမ်ဒက်ပရယ်ဓမ္မလက္ခိတ ပဏ္ဍိတ ဒေါက်တာ စဝ်ချန်သောထံသို့ သွားရောက်လှူဒါန်းခဲ့ပါသည်။ 

ထိုနောက် သံအမတ်ကြီးနှင့် ဇနီးတို့သည် သစ်သီးနှင့် လှူဖွယ် ပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့သည် မြန်မာ-ရိုမန် အက္ခရာနှစ်မျိုးဖြင့် ပြုစုထားသော ဆဋ္ဌသင်္ဂါယနာမူ ပိဋကသုံးပုံပါဠိတော် ကျမ်းစာအုပ်များကို သံရုံးမှတဆင့် ထိုင်းနိုင်ငံမှ ဆရာတော်ကြီးများထံသို့လည်း ပေးပို့လှူဒါန်းပြီး ဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)