မဟာအောင်မြေ ၊ ဩဂုတ် ၂၇
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေခရိုင် ချမ်းမြသာစည်မြို့နယ်ရှိ KBZ Center (Mandalay)သို့ မြတ်ဖောင်ဒေးရှင်းမှ အလှူငွေကျပ်သိန်း ၃၀ ပေးအပ်လှူဒါန်းပွဲကို ဩဂုတ် ၂၆ ရက် မွန်းလွဲပိုင်းက ကျင်းပသည်။
ဦးစွာ မြတ်ဖောင်ဒေးရှင်းမှ ဒေါ်မြတ်မြတ်ဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရုပ်ရှင်၊ သဘင်၊ ဂီတနယ်ပယ်မှ အနုပညာရှင်များက KBZ Center (Mandalay)ကို ကြည့်ရှုလေ့လာပြီး KBZ Center (Mandalay) ရှိ စေတနာ့ဝန်ထမ်း ၁၅၀ အတွက် ငွေကျပ်သိန်း ၃၀ကို ပေးအပ်လှူဒါန်းရာ ဒါရိုက်တာ ဦးတင်ထွန်း(KBZ)က လက်ခံရယူခဲ့သည်။
ထို့နောက် KBZ Center (Mandalay)မှ တာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုခံယူနေသော ရတနာပန်းခင်းပရဟိတ မိဘမဲ့ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများအား ကျန်းမာရေးအသိပညာပေး ဟောပြောပွဲများပြုလုပ်ခြင်း၊ ကျန်းမာရေးဗဟုသုတများ ဆွေးနွေးနေမှုများကို မြတ်ဖောင်ဒေးရှင်း တာဝန်ရှိသူများ၊ အနုပညာရှင်များက ကြည့်ရှုအားပေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများကို အချိုရည်နှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်းသိရသည်။
အောင်ဇော်မင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment