ကျိုက်မရောမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများနှင့် လက်နက်/ ခဲယမ်းများ ဖမ်းဆီးရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိုက်မရောမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများနှင့် လက်နက်/ ခဲယမ်းများ ဖမ်းဆီးရမိ


နေပြည်တော်၊ ဩဂုတ် ၃

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ဩဂုတ်လ ၂ ရက်နေ့ ၁၇၅၅ အချိန် ကျိုက်မရောမြို့၊ အောင်သုခရပ်ကွက်၊ နန္ဒာလှိုင်လမ်းဆုံအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် စောဖလှအောင်(ခ)စောလှအောင် မောင်းနှင်ပြီး ဘောလုံး နှင့် မလင်းအေး(ခ)နှင်းအောင် တို့လိုက်ပါလာသည့် အိုးဝေယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၆၀၀)၊ လက်လုပ်သေနတ် ၁ လက်၊ ၎င်းကျည် ၂၃ တောင့်၊ ကျည်အိမ် ၁ ခုနှင့် လက်ပစ်ဗုံး ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် စောဖလှအောင်(ခ)စောလှအောင်(၃၂)နှစ်၊ ဘောလုံး(၄၃)နှစ် နှင့် မလင်းအေး(ခ)နှင်းအောင်(၂၈)နှစ်တို့အား ကျိုက်မရောမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)