မန္တလေး၊ ဩဂုတ် ၁၂
မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးပြိုကျခဲ့သည့် ချမ်းမြသာ စည်မြို့နယ်ရှိ မဟာမုနိဘုရားကြီးပရဝဏ်ရှိ သာသနာ ၂၅၀၀ ဗိမာန်တော် ကြီးအား အသစ်ပြန်လည်တည်ဆောက်ခြင်းအတွက် ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဗိမာန်တော်ကြီး တည်နေရာတွင် ကျင်းပသည်။
အခမ်းအနားသို့ မဟာမုနိဘုရားကြီးဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ နိုင်ငံတော်ဩဝါဒါစရိယ၊ မဟာဓမ္မိကာရာမတိုက်၊ မိတ္ထီလာကျောင်း ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တသုဇနပီယအမှူးပြုသော မဟာမုနိ ဘုရားကြီးဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော် ၁၁ ပါး ကြွရောက်ချီးမြှင့် တော်မူပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ အလှူရှင်များဖြစ်သည့် မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းချုပ်မှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်း အနားကို ဖွင့်လှစ်ပြီးနောက် နိုင်ငံတော်ဩဝါဒါစရိယ မဟာဓမ္မိကာ ရာမ တိုက်၊ မိတ္ထီလာကျောင်းဆရာတော်ထံက ငါးပါးသီလခံယူဆောက်တည် ကြပြီးနောက် အခမ်းအနားကို အစီအစဉ်တိုင်း ဆက်လက်ဆောင်ရွက်ခဲ့ပြီး ဆရာတော်သံဃာတော်များမှ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်ဒေသနာ တော်မြတ်တို့ကို နာယူကြည်ညိုကြသည်။
ဆက်လက်၍ဆရာတော်များနှင့်သံဃာတော်များထံသို့ လှူဖွယ်ပစ္စည်း များနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကြပြီးနောက် အလှူရှင် များဖြစ်သည့် မြန်မာနိုင်ငံ တရုတ်ကုန်သည်များ အသင်းချုပ်မှ တာဝန်ရှိသူ များက သာသနာတော် ၂၅၀၀ ဗိမာန်တော်အသစ် တည်ဆောက်ခြင်းအတွက် အလှူငွေကျပ်သိန်း(၁၅၀၀၀)ကို ဘုရားကြီးဂေါပကအဖွဲ့ဥက္ကဋ္ဌထံပေးအပ် လှူဒါန်း၍နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တကေသရထံက လှူဒါန်းမှု အစုစုအတွက် အနုမောဒနာ နှင့် ရေစက်ချတရားနာယူကြည်ညိုကြသည်။
၎င်းနောက်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ အလှူရှင်များက သတ်မှတ်နေရာအသီးသီးတွင် ပန္နက်တော်တင်ခြင်းများကို ဆောင်ရွက်ခဲ့ကြပြီးနောက် အခမ်းအနားကိုအစီအစဉ်အတိုင်း ဆက်လက်ကျင်းပခဲ့ ကြောင်းနှင့် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment