မြစ်ကြီးနား၊ သြဂုတ် ၁၂
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း အခွန်ဘဏ္ဍာငွေ တိုးတက်ကောက်ခံရရှိရေးနှင့် အခွန်ထမ်းများ အ ခွန်ဆိုင်ရာ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်နိုင်ရေးအတွက် ကချင်ပြည် နယ်၊ မြစ်ကြီးနားမြို့နယ် စုပေါင်းရုံးမနောရွှေပြည်ခန်းမ၌ စီးပွားရေးလုပ်ငန်းရှင်များ၊ အိမ်ခြံမြေအ ကျိုးဆောင်အဖွဲ့၊စားသောက်ဆိုင်လုပ်ငန်း ဟိုတယ် /တည်းခိုခန်း၊ ရွှေဆိုင်နှင့် ဖုန်းဆိုင်လုပ်ငန်းရှင်များ (၁၁၀)ဦးတို့အား အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ရှင်းလင်းဆွေးနွေးပွဲတွင် ပြည်နယ်အစိုးရ အဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက နိုင်ငံ တော် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများ၊ ပြည်သူ့ဝန် ဆောင်မှုလုပ်ငန်းများ လုပ်ဆောင်ရာတွင် လိုအပ်သည့် အသုံးစရိတ်များရရှိစေရန် အခွန်ကောက်ခံရခြင်းပင် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တိုင်းပြည် ဘဏ္ဍာငွေ ပိုမိုကောက်ခံရရှိပါက ဆေးရုံ၊ စာသင် ကျောင်းများ၊ လမ်း၊ တံတားများတည်ဆောက်ခြင်းတို့ကိုပြုလုပ်နိုင်သည့်အပြင်နိုင်ငံတော်ကာကွယ်ရေး ၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုလည်း ပိုမိုဆောင်ရွက်လာနိုင်မည်ဖြစ်သည့်အတွက် လုပ်ငန်းရှင်များကလည်း ဥပဒေနှင့်အညီတိကျစွာ လိုက်နာဆောင်ရွက်ပေးရန်နှင့် အခွန်ဦးစီးဌာနမှူးရုံးများကလည်း အခွန်ကောက်ခံရာတွင် အဂတိတရားကင်းရှင်းစွာဖြင့် အခွန်ထမ်းများတိုးပွားလာစေရေးနှင့် ကောက်ခံရမည့် အခွန်အရပ်ရပ်ကိုလည်း ပြည့်မီကျော်လွန်အောင် အကောင်အထည်ဖော်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်အခွန်ဦးစီးဌာနမှူး ဦးတင်မောင်ဆွေက ပြည်နယ်အခွန်များဦးစီးဌာန၏အခွန်ဖွဲ့စည်း ပုံများ အကြောင်းကိုလည်းကောင်း၊ မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးမြင့်ဇော်သန်းက အခွန်ဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းမိုးက ပြေစာအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း အသီးသီးရှင်းလင်းဟော ပြောဆွေးနွေးကြရာ တက်ရောက်လာကြသည့် လုပ်ငန်းရှင်များနှင့် အခွန်ထမ်းပြည်သူများက အခွန်ဆိုင်ရာ လုပ်ထုံးလုပ်နည်း ဥပဒေများနှင့်စပ်လျဉ်း၍ သိလိုသည်များမေးမြန်းဆွေးနွေးမှုများအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment