(၅၈)နှစ်မြောက် အာဆီယံနေ့အခမ်းအနား၊ (၂၅)နှစ်မြောက် အာဆီယံပေါင်းစည်းရေးအစီအစဉ် အထိမ်းအမှတ် စားပွဲဝိုင်းဆွေးနွေးပွဲနှင့် ခင်းကျင်းပြသပွဲများသို့ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၅၈)နှစ်မြောက် အာဆီယံနေ့အခမ်းအနား၊ (၂၅)နှစ်မြောက် အာဆီယံပေါင်းစည်းရေးအစီအစဉ် အထိမ်းအမှတ် စားပွဲဝိုင်းဆွေးနွေးပွဲနှင့် ခင်းကျင်းပြသပွဲများသို့ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် တက်ရောက်




ဂျကာတာ၊ သြဂုတ် ၁၂

အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်သည် အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၌ ကျင်းပပြုလုပ်ခဲ့သည့်  မလေးရှားဝန်ကြီးချုပ် H.E. Anwar Ibrahim ၏ မူဝါဒရေးရာမိန့်ခွန်းပြောကြားမှုအစီအစဉ်၊ ပီရူးသမ္မတနိုင်ငံ၊ သမ္မတ H.E. Dina Boluarte ၏ အာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့ လာရောက်သည့်အစီအစဉ်၊ (၅၈) နှစ်မြောက် အာဆီယံ နေ့အခမ်းအနား၊ (၂၅) နှစ်မြောက် အာဆီယံပေါင်းစည်းရေးအစီအစဉ် အထိမ်းအမှတ် စားပွဲ ဝိုင်းဆွေးနွေးပွဲနှင့် ခင်းကျင်းပြသပွဲများသို့ ပါဝင်တက်ရောက်ခဲ့သည်။

မလေးရှားဝန်ကြီးချုပ် H.E. Anwar Ibrahim သည် ၂၉-၇-၂၀၂၅ ရက်တွင် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးသို့ လာရောက်ခဲ့ပြီး  မူဝါဒရေးရာမိန့်ခွန်းပြောကြားခဲ့ရာတွင် အဓိကအား ဖြင့် မလေးရှားနိုင်ငံက အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ် ဆောင်ရွက်နေသည့် ဦးစားပေး ကိစ္စရပ်များ၊ အာဆီယံအသိုက်အဝန်းတည်ထောင်ရေး၊ ဒေသတွင်းစီးပွားရေးနှင့် နိုင်ငံရေးရာ ကိစ္စရပ်များတွင် အာဆီယံ၏ အချက်အခြာကျမှုတို့အပေါ် ဆွေးနွေးပြောကြားခဲ့သည်။

ထို့အပြင် ပီရူးသမ္မတ H.E. Dina Boluarte သည် ၁၁-၈-၂၀၂၅ ရက်တွင် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးသို့ လာရောက်ခဲ့ပြီး အာဆီယံအတွင်းရေးမှူးချုပ်၊ အာဆီယံအမြဲတမ်း ကိုယ်စားလှယ်များ ကော်မတီနှင့် တွေ့ဆုံ၍ အာဆီယံ-ပီရူး ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေး ပိုမိုနက်ရှိုင်းစေရေးအတွက် ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြသည်။ 

အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သည် ၈-၈-၂၀၂၅ ရက်တွင် အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၌ ကျင်းပခဲ့သည့် (၅၈)နှစ်မြောက် အာဆီယံနေ့အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ အဆိုပါအခမ်းအနားတွင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး H.E. Sugiono က အဓိကဧည့်သည်တော်အဖြစ် အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် ၂၀၄၅ အကောင်အထည်ဖော်ရေးနှင့် ဒေသတွင်းဗိသုကာတည်ဆောက်ရေးတွင် အာဆီယံ၏ ကြိုးပမ်းဆောင်ရွက်မှုများအပေါ် အမှာစကားပြောကြားခဲ့သည်။

၁၁-၈-၂၀၂၅ ရက်တွင် အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ ကျင်းပခဲ့သည့် (၂၅)နှစ် မြောက် အာဆီယံပေါင်းစည်းရေးအစီအစဉ် အထိမ်းအမှတ် စားပွဲဝိုင်းဆွေးနွေးပွဲနှင့် ခင်းကျင်း ပြသပွဲတွင် ပြီးခဲ့သည့် (၂၅)နှစ်အတွင်း အာဆီယံပေါင်းစည်းရေးအစီအစဉ် အကောင်အထည် ဖော်မှုအပေါ် သုံးသပ်၍ အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် (၂၀၄၅)နှင့်အညီ ဒေသတွင်း ပေါင်းစည်းရေးဆိုင်ရာ ချဉ်းကပ်မှုနည်းလမ်းသစ်များနှင့် ဦးစားပေးနယ်ပယ်များအပေါ် ဆွေးနွေးခဲ့ကြပြီး IAI ၏ (၂၅) နှစ်တာကာလအတွင်း မှတ်တိုင်များနှင့် အောင်မြင်မှုများအား ခင်းကျင်းပြသခဲ့မှုကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရပါသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)