(၅၈)နှစ်မြောက် အာဆီယံနေ့အခမ်းအနား၊ (၂၅)နှစ်မြောက် အာဆီယံပေါင်းစည်းရေးအစီအစဉ် အထိမ်းအမှတ် စားပွဲဝိုင်းဆွေးနွေးပွဲနှင့် ခင်းကျင်းပြသပွဲများသို့ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

(၅၈)နှစ်မြောက် အာဆီယံနေ့အခမ်းအနား၊ (၂၅)နှစ်မြောက် အာဆီယံပေါင်းစည်းရေးအစီအစဉ် အထိမ်းအမှတ် စားပွဲဝိုင်းဆွေးနွေးပွဲနှင့် ခင်းကျင်းပြသပွဲများသို့ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် တက်ရောက်




ဂျကာတာ၊ သြဂုတ် ၁၂

အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်သည် အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၌ ကျင်းပပြုလုပ်ခဲ့သည့်  မလေးရှားဝန်ကြီးချုပ် H.E. Anwar Ibrahim ၏ မူဝါဒရေးရာမိန့်ခွန်းပြောကြားမှုအစီအစဉ်၊ ပီရူးသမ္မတနိုင်ငံ၊ သမ္မတ H.E. Dina Boluarte ၏ အာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့ လာရောက်သည့်အစီအစဉ်၊ (၅၈) နှစ်မြောက် အာဆီယံ နေ့အခမ်းအနား၊ (၂၅) နှစ်မြောက် အာဆီယံပေါင်းစည်းရေးအစီအစဉ် အထိမ်းအမှတ် စားပွဲ ဝိုင်းဆွေးနွေးပွဲနှင့် ခင်းကျင်းပြသပွဲများသို့ ပါဝင်တက်ရောက်ခဲ့သည်။

မလေးရှားဝန်ကြီးချုပ် H.E. Anwar Ibrahim သည် ၂၉-၇-၂၀၂၅ ရက်တွင် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးသို့ လာရောက်ခဲ့ပြီး  မူဝါဒရေးရာမိန့်ခွန်းပြောကြားခဲ့ရာတွင် အဓိကအား ဖြင့် မလေးရှားနိုင်ငံက အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ် ဆောင်ရွက်နေသည့် ဦးစားပေး ကိစ္စရပ်များ၊ အာဆီယံအသိုက်အဝန်းတည်ထောင်ရေး၊ ဒေသတွင်းစီးပွားရေးနှင့် နိုင်ငံရေးရာ ကိစ္စရပ်များတွင် အာဆီယံ၏ အချက်အခြာကျမှုတို့အပေါ် ဆွေးနွေးပြောကြားခဲ့သည်။

ထို့အပြင် ပီရူးသမ္မတ H.E. Dina Boluarte သည် ၁၁-၈-၂၀၂၅ ရက်တွင် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးသို့ လာရောက်ခဲ့ပြီး အာဆီယံအတွင်းရေးမှူးချုပ်၊ အာဆီယံအမြဲတမ်း ကိုယ်စားလှယ်များ ကော်မတီနှင့် တွေ့ဆုံ၍ အာဆီယံ-ပီရူး ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေး ပိုမိုနက်ရှိုင်းစေရေးအတွက် ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြသည်။ 

အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သည် ၈-၈-၂၀၂၅ ရက်တွင် အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၌ ကျင်းပခဲ့သည့် (၅၈)နှစ်မြောက် အာဆီယံနေ့အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ အဆိုပါအခမ်းအနားတွင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး H.E. Sugiono က အဓိကဧည့်သည်တော်အဖြစ် အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် ၂၀၄၅ အကောင်အထည်ဖော်ရေးနှင့် ဒေသတွင်းဗိသုကာတည်ဆောက်ရေးတွင် အာဆီယံ၏ ကြိုးပမ်းဆောင်ရွက်မှုများအပေါ် အမှာစကားပြောကြားခဲ့သည်။

၁၁-၈-၂၀၂၅ ရက်တွင် အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ ကျင်းပခဲ့သည့် (၂၅)နှစ် မြောက် အာဆီယံပေါင်းစည်းရေးအစီအစဉ် အထိမ်းအမှတ် စားပွဲဝိုင်းဆွေးနွေးပွဲနှင့် ခင်းကျင်း ပြသပွဲတွင် ပြီးခဲ့သည့် (၂၅)နှစ်အတွင်း အာဆီယံပေါင်းစည်းရေးအစီအစဉ် အကောင်အထည် ဖော်မှုအပေါ် သုံးသပ်၍ အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် (၂၀၄၅)နှင့်အညီ ဒေသတွင်း ပေါင်းစည်းရေးဆိုင်ရာ ချဉ်းကပ်မှုနည်းလမ်းသစ်များနှင့် ဦးစားပေးနယ်ပယ်များအပေါ် ဆွေးနွေးခဲ့ကြပြီး IAI ၏ (၂၅) နှစ်တာကာလအတွင်း မှတ်တိုင်များနှင့် အောင်မြင်မှုများအား ခင်းကျင်းပြသခဲ့မှုကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရပါသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)