နောင်ချိုမြို့၊ အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြား၊ ယာယီဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောင်ချိုမြို့၊ အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြား၊ ယာယီဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်







နေပြည်တော်၊ ဩဂုတ် ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၌ အကြမ်းဖက်သောင်းကျန်းသူများ ကြောင့် အခြေခံပညာကျောင်းများအား တစ်နှစ်နီးပါး ပိတ်ထားခဲ့ရပြီး ဇူလိုင်လ ၂၅ ရက်နေ့မှစ၍ အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူများအား စာပေပညာရပ်များကို သင်ကြားပေးလျက်ရှိသည့်အပြင် ကျောင်း အပ်လက်ခံခြင်းကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ကျောင်းနေအရွယ်ကလေးများအား တန်းစဉ်အလိုက် ပညာသင်ကြား နိုင်ရေးအတွက် အခြေခံပညာကျောင်းများကို ဖွင့်လှစ်ပညာသင်ကြားပေးလျက်ရှိရာ ယနေ့တွင်လည်း ကျောင်းသား/ကျောင်းသူ ၇၄၈ ဦး ထပ်မံ၍ လာရောက်အပ်နှံ သဖြင့် စုစုပေါင်း ကျောင်းသား/ကျောင်းသူ ၂၅၆၇ ဦး အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိသည်။

ထို့အပြင် တပ်မတော်မှ ဆရာဝန်များက ကျန်းမာရေးဝန်ကြီးဌာနမှ ဆရာဝန် များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်း၍ ဒေသခံတိုင်းရင်းသားပြည်သူများ၏ ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် မြနန်းတော်ဝင် မင်္ဂလာခန်းမ၌ ယာယီဆေးရုံဖွင့်လှစ်ပြီး ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့တွင် ဒေသခံတိုင်းရင်းသားပြည်သူ ၁၈၆ ဦးတို့ကို လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးကြသည်။

၎င်းအပြင် နောင်ချိုမြို့ပေါ်ရှိ ပြည်သူ့ဆေးရုံကြီး အချိန်မီပြန်လည် ဖွင့်လှစ် နိုင်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများက ဆေးရုံပတ်ဝန်းကျင်ရှိ ချုံနွယ်ပေါင်း မြက်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများတူးဖော် ဆယ်တင်ပေးခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ခြင်းများ ဆောင် ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)