ဩဂုတ် - ၂၅ ( တနင်္လာနေ့ )
ပန်းခြံတွေ စိုက်ခင်းတွေလို အစိမ်းရောင် ပတ်ဝန်းကျင် တစ်ခုဖန်တီးထားတာက စိတ်ကျရောဂါတွေ ၊ စိတ်ဖိစီးမှုတွေကို အကာအကွယ်ဖြစ်စေတယ်ဆိုပြီး လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြလိုက်ပါတယ်။ ကပ်ရောဂါ ကာလအတွင်းမှာ ဆိုရင် လူတွေက စိတ်ဖိစီးမှု ၂ ဆဖြစ်လာနေပါတယ်။
စားဝတ်နေရေးအတွက် ရှာဖွေနေရလို့ လုပ်ငန်းခွင် စိတ်ဖိစီးမှုထဲကို အလုပ်သွားရင် ရောဂါကူးလာနိုင်မလားဆိုတဲ့ စိတ်ဖိစီးမှုက ထပ်တိုးလာနေပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ထုတ်တဲ့ PLOS ONE ဂျာနယ်ထဲမှာ ကနေဒါသုတေသီတွေက လူလတ်ပိုင်းတွေနဲ့ သက်ကြီးရွယ်အိုတွေက အစိမ်းရောင်ပတ်ဝန်းကျင် တစ်ခု မဖြစ်မနေ လိုအပ်ပါတယ် လို့ ရေးသားဖော်ပြခဲ့ပါတယ်။ အဲ့လိုနေထိုင်ရင် နောက်ပိုင်းဖြစ်လာမယ့် စိတ်ကျရောဂါကို ကာကွယ်ပေး နိုင်ပါတယ်။ ပတ်ဝန်းကျင်က စိမ်းလန်းမှု ပိုများလေ စိတ်ကျရောဂါဖြစ်ပွားမှု ပိုနည်း လေ လို့လည်း ဆိုပါတယ်။
"မြို့ပြမှာ အစိမ်းရောင်ပတ်ဝန်းကျင် ရရှိဖို့ ဆိုတာက ခက်ခဲပါတယ် ။ အခုဆိုရင် သမိုင်းတစ်လျှောက်မှာ စိတ်ဖိစီးမှုအရှိဆုံးကာလထဲကို ရောက်နေပါပြီ ။ ကမ္ဘာလုံးဆိုင်ရာ ဖြစ်ရပ်များထဲမှာ စိတ်ကျန်းမာရေးက တစ်ခုအဖြစ်ပါလာပြီ။ အဲ့ဒါကို အကာအကွယ်ပေးတဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်” လို့ အော့တဝါ မြို့ရှိ ကာလီတန် တက္ကသိုလ်မှ အာရုံကြောသိပ္ပံဆိုင်ရာ ပါမောက္ခ ပေါ်လ်ဗီလန်နျူဗီ က ဆိုပါတယ်။
လေ့လာမှုအတွက် သုတေသီများက ကနေဒါနိုင်ငံမှ အသက်အရွယ်ကြီးရင့်မှုဆိုင်ရာ လေ့လာမှုတစ်ခုတွင် မြို့ပြနေထိုင်သူ ၁သောင်းခွဲနီးပါးမှ စိတ်ကျန်းမာရေး အချက်အလက်ကို ခွဲခြမ်းစိတ်ဖြာခဲ့ပါတယ်။ ဂြိုဟ်တုဓာတ်ပုံများကို အခြေခံပြီး ပါဝင်သူတစ်ဦးချင်းစီရဲ့ အိမ်အနီးတွင်ရှိသော အစိမ်းရောင်နေရာ တွေနဲ့ အချက်အလက်တွေကို တိုက်စစ်ပြီးမှ အခုလို အဆိုတစ်ခုကို ဖော်ပြခဲ့တာပါ။
REF: UPI
https://t.me/MyanmarNationalPost


No comments:
Post a Comment