မက်ဖော်မင် က စိတ်ကျရောဂါ၊ နလုံးရောဂါ နဲ့ ကင်ဆာကိုတောင် ကာကွယ်ပေးနိုင်တယ်လို့ ဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မက်ဖော်မင် က စိတ်ကျရောဂါ၊ နလုံးရောဂါ နဲ့ ကင်ဆာကိုတောင် ကာကွယ်ပေးနိုင်တယ်လို့ ဆို



ဩဂုတ် - ၂၅ ( တနင်္လာနေ့ ) 

အမျိုးအစား ၂ ဆီးချိုရောဂါကို ၁၉၅၀ ခုနှစ်များကတည်းက ကုသရန်အသုံးပြုခဲ့သော မက်ဖော်မင် ဆေး က စိတ်ကျရောဂါ နဲ့ နှလုံးရောဂါ ကနေ စပြီး အချို့သောကင်ဆာအမျိုးအစားများအထိ ကြိုတင်ကာကွယ်နိုင်တဲ့ဆေး အဖြစ် အသုံးပြုလို့ရတယ် ဆိုပြီး မကြာခင်ကပြုလုပ်ခဲ့တဲ့ သုတေသန တစ်ခုက ဖော်ပြခဲ့ပါတယ်။  အဲ့ဒိတွေ့ရှိချက်က သိပ္ပံနည်းကျ လေ့လာမှုတွေ လုပ်ထားတာဖြစ်ပြီး လူသားတွေရဲ့ အသက်ရှည်မှုနဲ့ အသက်အန္တရာယ်ကို ကာကွယ်ပေးနိုင်တဲ့ ဆေးဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ 

မက်ဖော်မင်ကို ဆီးချိုသမားတွေ ဆီးချိုကျဆေးအဖြစ် သုံးနေတာက ဆယ်စုနှစ်များစွာ ကြာခဲ့ပြီဆိုပေမဲ့ မကြာသေးမီက သုတေသနပြုချက်များအရ အထက်ဖော်ပြပါ အကျိုးကျေးဇူးများကို တွေ့ရှိခဲ့ပါတယ်။ 

အဲ့ဒိသုတေသနပြုမှုက မက်ဖော်မင်ကို အမျိုးအစား  ၂ ဆီးချိုရောဂါ သို့မဟုတ် ကိုယ်အလေးချိန်ကျစေသော GLP-1 receptor agonists များ လေ့လာမှု လုပ်ခဲ့တာပါ။ အမျိုးအစား ၂ ဆီးချိုရောဂါအတွက် သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးပြီး ကိုယ်အလေးချိန်ကို မြှင့်တင်ပေးကာ ၎င်းတို့ကို သောက်သုံးသူများ၏ အလုံးစုံကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပြီး နှလုံးရောဂါနှင့် အခြားအသက်အန္တရာယ်ရှိသော အခြေအနေများအတွက် ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။ 

"မက်ဖော်မင်က အလွန်ရှေးကျတဲ့ ဆေးဖြစ်ပါတယ်။ ၁၉၅၀ ကတည်းက ဆီးချိုရောဂါအတွက် ရွေးချယ်စရာ ဆေးဝါးတစ်ခု ဖြစ်ခဲ့တာပါ။ မက်ဖော်မင်ဆီးချိုကျဆေးကို အာဖရိကမြောက်ပိုင်း၊ အာရှနှင့် အနောက်ဥရောပ ဒေသများတွင် သဘာဝအတိုင်း တွေ့ရှိလေ့ရှိသော Galega officnialis အပင်ကနေ ထုတ်တာပါ။ အခုတော့ တွင်တွင်ကျယ်ကျယ် စိုက်ပျိုးနေပါပြီ။  အစာခြေကျန်းမာရေးအတွက် ဆေးဖက်ဝင်အပင်အဖြစ် အသုံးပြုကာ ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာများနှင့် အခြားသော ကျန်းမာရေးအခြေအနေများကို ကုသရာတွင်လည်း ရာစုနှစ်များစွာကတည်းက အသုံးပြုခဲ့ပြီး သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးနိုင်ကြောင်း လွန်ခဲ့တဲ့ ရာစုနှစ်တစ်ခုကျော်က ရှာဖွေတွေ့ရှိခဲ့တာပါ” လို့  လစ်တဲ့ရော့ခ် ရှိ ဆေးသိပ္ပံတက္ကသိုလ်မှ နှလုံးရောဂါဗေဒဌာနခွဲမှ ဒေါက်တာ ဂျဝါဟာ မက်တာ ကဆိုပါတယ်။ 

၁၉၅၀ ခုနှစ်များတွင် ဥရောပ တွင် ပုံစံ ၂ ဆီးချိုရောဂါရှိသူများအသုံးပြုရန် ခွင့်ပြုခဲ့ပြီး၊ အမေရိကားမှာကတော့ ၁၉၉၅ ခုနှစ်ရောက်မှာ FDAက သုံးခွင့်ပြုခဲ့တာပါ။  မက်ဖော်မင်က ဘိုင်ဂွာနိုက် ဆေးအုပ်စုဝင်ဖြစ်ပြီး ၎င်းသည် အသည်းအတွင်းရှိ ဂလူးကို့စ်ထုတ်လုပ်မှုကို လျော့ကျစေခြင်းဖြင့် အစွမ်းထက်သော ဆီးချိုရောဂါကာကွယ်ဆေး အဖြစ် လုပ်ဆောင်တယ်လို့ သိရပါတယ်။ 


REF: UPI

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)