မိုင်းပျဉ်းမြို့၊ အ.ထ.ကတွင် လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းပျဉ်းမြို့၊ အ.ထ.ကတွင် လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ




မိုင်းပျဉ်း  ၊ သြဂုတ် ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းမှ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက အဆိုပါကျောင်းနီလာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခြေခံပညာအထက်တန်းကျောင်း၏ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာခိုင်မှ အဖွင့်အမှာစကားပြောကြားပြီး၊ အထက်တန်းပြဆရာမ ဒေါ်မို့မို့စိန်က လူကုန်ကူးမှုဖြစ်ပေါ်လာနိုင်သော အခြေအနေများ၊ လူကုန်ကူးမှုမခံရရေး သတိပြုနေထိုင်ရမည့်အချက်များ၊ လူကုန်ကူးခံရပါက ဆက်သွယ်ဆောင်ရွက်ရမည့် နည်းလမ်းများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေအရ ချမှတ်ပေးနိုင်သောပြစ်ဒဏ်များ၊ အွန်လိုင်းအသုံးပြု၍ လူကုန်ကူးခံရမှုအကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့သည်။

အဆိုပါ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


နန်းသန္တာဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)