ဩဂုတ် - ၈ (သောကြာနေ့ )
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လာမည့်သီတင်းပတ်အစောပိုင်းတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ပုဂ္ဂိုလ်ရေးအရ တွေ့ဆုံရန် ရည်ရွယ်ထားကြောင်း နယူယောက်ခ်တိုင်းမ် သတင်းဌာန (NYT) က ဗုဒ္ဓဟူးနေ့တွင် အဲ့ဒိကိစ္စနှင့် နီးစပ်တဲ့သတင်းရင်းမြစ်နှစ်ခုကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။ ပူတင်နဲ့တွေ့ဖို့အတွက် ထရမ့်က အနောက်ဥရောပခေါင်းဆောင် အများအပြားနဲ့ ဖုန်းခေါ်ဆိုမှု လုပ်ခဲ့ပြီးမှ သူ့ရဲ့ အစီအစဉ်ကို ထုတ်ဖော် ပြောကြားခဲ့ကြောင်း သိရပါတယ်။
မနေ့က ပူတင်နှင့် အမေရိကန် အထူးသံတမန် စတိဝစ်ကောဖ် တို့ တွေ့ဆုံမှုလုပ်ပြီးနောက် နာရီအနည်းငယ် အကြာတွင် အဆိုပါ အစီရင်ခံစာ ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ အမေရိကန်သမ္မတရဲ့ အဆိုအရ၊ သုံးနာရီနီးပါးကြာ အပြန်အလှန် ဆွေးနွေးမှုအတွင်း“ ကြီးစွာသောတိုးတက်မှု” ကိုရရှိခဲ့ပြီး “လာမည့်ရက်များနှင့် ရက်သတ္တပတ်များတွင်” ယူကရိန်းပဋိပက္ခ အဆုံးသတ်ရေး လုပ်ဆောင်ရန် နှစ်ဖက် သဘောတူခဲ့တယ်လို့ သိရပါတယ်။ နောက်ထပ် အသေးစိတ်အချက်အလက်များကိုမူ ၎င်းက ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
ထရမ့်ရဲ့ ထရုသ်ဆိုရှယ်မီဒီပို့စ်တစ်ခုမှာတော့ မော်စကို၌ တွေ့ဆုံမှုရလဒ်များ နဲ့ပတ်သက်ပြီး အမေရိကန်က ဥရောပမဟာမိတ်အချို့ကို အသိပေးထားကြောင်း၊ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာ၊ ဂျာမန်အဓိပတိ ဖရိုင်းဒရစ်ချ်မားဇ်၊ နေတိုးအတွင်းရေးမှူးချုပ် မက်ခ်ရက်တီ၊ အမေရိကန်ဒုတိယသမ္မတ ဂျေဒီဗန့်စ်၊ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို နှင့် သံတမန် ဝသ်ကော့ဖ် တို့ကို ထရမ့်က ဖုန်းဆက်ပြီး သူ့အစီအစဉ်တွေကို ပြောခဲ့ကြောင်း သိရပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment