မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုရား၊ စေတီ၊ပုထိုးများ ပြန်လည်ပြင်ဆင်မွမ်းမံ ဆောင်ရွက်နေမှုများကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် လိုက်လံကြည့်ရှု - Myanmar National Post

Myanmar National Post

News Agency

Breaking

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုရား၊ စေတီ၊ပုထိုးများ ပြန်လည်ပြင်ဆင်မွမ်းမံ ဆောင်ရွက်နေမှုများကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် လိုက်လံကြည့်ရှု






ချမ်းအေးသာစံ၊ ဩဂုတ် ၄

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ဩဂုတ်လ(၂)ရက်နေ့နံနက်ပိုင်းက မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုရား၊ စေတီ၊ ပုထိုးများ ပြန်လည်ပြင်ဆင် မွမ်းမံဆောင်ရွက်နေမှုများကိုလိုက်လံကြည့်ရှုခဲ့သည်။

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင်  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သညျ   ပဉ်စမသငျ်ဂါယနာတငျ မဟာလောကမာရဇိနျ စေတီကုသိုလ်တော် စေတီတော်သို့ သွားရောက်ပြီး ကုသိုလ်တော်မြတ်စွာ ဘုရားအားဖူးမြော်၍ ငလျင်ဒဏ်ကြောင့် ဘုရား၊ စေတီ၊ ပုထိုးတော်များနှင့် သာသနိကအဆောက်အဦများ၏ ထိခိုက်ပျက်စီးခဲ့မှုတို့အပေါ်မူလလက်ရာ အတိုင်း ပြန်လည်ပြင်ဆင်မွမ်းမံထားမှု၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့်ပတ်သက်၍ ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ အမရပူရမြို့နယ်ရှိ မဟာဓမ္မရံသီကုန်းတော်မြတ်၌ တည်ထားကိုးကွယ်တော်မူအပ်သော ရတနာပုဏ္ဏဝရဒါဌာဓာတုစေတီယ စွယ်တော်မြတ်စေတီတော် (မန္တလေး)သို့ရောက်ရှိပြီး ဖူးမြော်ကြည်ညို၍  ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအပေါ် ပြန်လည်ပြင်ဆင်မွမ်းမံ ဆောင်ရွက်ထားမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအား လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ငယ်-ထုံးဘို တိုးဂိတ်သို့ရောက်ရှိပြီး ယာဉ်အန္တရာယ်ကင်းရှင်းစေရန် ယာဉ်ကြောရှုပ် ထွေးမှုများမဖြစ်ပေါ်စေရေး၊ ယာဉ်စစ်ဆေးခြင်းများ စနစ်တကျဖြစ်စေရေး၊ အမြင်သင့်တယ် သန့်ရှင်းသာယာလှပရေး၊ လမ်းမကြီးပေါ်တွင် ရေဝပ်ရေတင် ခြင်းများ မရှိစေရန် ရေနုတ်မြောင်း စနစ်များကောင်းမွန်စေရေးတို့အတွက်လုပ်ငန်းများဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ထွန်းထွန်းနိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)