မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးက ပိုလန်ဂုဏ်ထူးဆောင်ကောင်စစ်ဝန်အား လက်ခံတွေ့ ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးက ပိုလန်ဂုဏ်ထူးဆောင်ကောင်စစ်ဝန်အား လက်ခံတွေ့ ဆုံ


ကွာလာလမ်ပူ၊ သြဂုတ် ၄

ကွာလာလမ်ပူမြို့၊ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးသည် ၃၁−၇−၂၀၂၅ ရက်၊ မွန်းလွဲပိုင်း ၃:၀၀ နာရီတွင် မြန်မာသံရုံး၊ ဧည့်ခန်းမဆောင်၌ ပီနန်မြို့အခြေစိုက် ပိုလန်ဂုဏ်ထူး ဆောင်ကောင်စစ်ဝန်ရုံးမှ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ဖြစ်သူ Dato’ Seri Suppiah Manikam အား လက်ခံတွေ့ဆုံခဲ့သည်။ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်က ပီနန်အုပ်ချုပ်ရေးမှူးအား တည့်ခင်း ဧည့်ခံသည့်  အလုပ်သဘော နေ့လယ်စားပွဲသို့ တက်ရောက်ပါရန် ဖိတ်ကြားခြင်းနှင့် မြန်မာနိုင်ငံ၌ ၂၈−၃−၂၀၂၅ ရက်တွင် ဖြစ်ပွားခဲ့သည့် ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားရသည့် ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အလှူငွေအချို့ လှူဒါန်းလိုပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)