ဗလာဒီဗော့စ်တော့ခ်၊ ဩဂုတ် ၄
တရုတ်-ရုရှား “ပင်လယ်ပြင် ပူးတွဲလေ့ကျင့်ရေး-၂၀၂၅” ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် ဩဂုတ် ၃ ရက်မှစ၍ ပင်လယ်ပြင်လေ့ကျင့်ရေးအဆင့် ရောက်ရှိခဲ့ရာ လေ့ကျင့်ရေးတွင် ပါဝင်သည့် နှစ်ဖက် ရေယာဉ်များက ရုရှားနိုင်ငံ ဗလာဒီဗော့စ်တော့ခ်မြို့ရှိ စစ်ဘက်ဆိပ်ကမ်းမှ ကြိုတင်သတ်မှတ်ထားသည့် ပင်လယ်ပြင်ဧရိယာသို့ ကဏ္ဍအလိုက် လေ့ကျင့်မှုများ လုပ်ဆောင်ရန် စတင်ထွက်ခွာခဲ့သည်။
ဒေသစံတော်ချိန် ဩဂုတ် ၃ ရက် နံနက် ၅ နာရီခန့်တွင် လေ့ကျင့်မှုတွင်ပါဝင်သော တရုတ်-ရုရှား ရေယာဉ်များသည် အစဉ်အလိုက် ဆိပ်ကမ်းမှ မောင်းနှင်ထွက်ခွာခဲ့ကြသည်။ ဆိပ်ကမ်းမှ ထွက်ခွာပြီးနောက် နှစ်ဖက်အနေဖြင့် တရုတ်-ရုရှား ရေယာဉ် ရောနှောစီစဉ်ထားသည့် အစီအစဉ်များအရ အုပ်စုဖွဲ့ကာ မစ်ရှင်ထမ်းဆောင်မည့် ပင်လယ်ပြင်ဧရိယာသို့ မောင်းနှင်ကာ နှစ်ဖက်ရေယာဉ်များသည် ဆက်သွယ်ရေးကွင်းဆက်လမ်းကြောင်းတည်ဆောက်ပြီး ပင်လယ်ပြင် မိုးလေဝသနှင့် ဇလဗေဒ၊ ပင်လယ်ပြင်နှင့် လေကြောင်းဆိုင်ရာ အခြေအနေ စသည့် သတင်းအချက်အလက်များကို အပြန်အလှန် သတင်းပို့ခဲ့ကြောင်း သိရသည်။
လေ့ကျင့်ရေးအစီအစဉ်များအရ တရုတ်-ရုရှား ပင်လယ်ပြင် ရေယာဉ်အဖွဲ့သည် ရေငုပ်ကူညီကယ်ဆယ်ရေး၊ ရေငုပ်သင်္ဘောပူးတွဲတိုက်ဖျက်ရေး၊ လေကြောင်းရန်ကာကွယ်ရေးနှင့် ဒုံးကျည်ကာကွယ်ရေး၊ ရေတပ်စစ်ဆင်ရေး စသည့် အခန်းကဏ္ဍများအပါအဝင် လက်နက်လက်တွေ့အသုံးချမှု လေ့ကျင့်ရေးများကို သုံးရက်ကြာ ပင်လယ်ပြင်လေ့ကျင့်မှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
Ref - (Xinhua)
https://t.me/MyanmarNationalPost


No comments:
Post a Comment