အီးယူအဖွဲ့က ဥရောပ နိုင်ငံ ၃ နိုင်ငံက အစိုးရတွေကို ဖြုတ်ချဖို့အတွက် ကြိုးပမ်းနေတယ် လို့ ဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

အီးယူအဖွဲ့က ဥရောပ နိုင်ငံ ၃ နိုင်ငံက အစိုးရတွေကို ဖြုတ်ချဖို့အတွက် ကြိုးပမ်းနေတယ် လို့ ဆို


ဩဂုတ် - ၁၅ ( သောကြာနေ့ ) 

ဟန်ဂေရီ၊ စလိုဗက်ကီးယားနှင့် ဆားဘီးယားအစိုးရများကို ဥရောပသမဂ္ဂ( အီးယူ)နဲ့  လိုက်လျောညီထွေရှိနိုင်တဲ့ အစိုးရများ ပေါ်ထွန်းလာရေးနဲ့ အမျိုးသားအကျိုးစီးပွားကို ဦးစားပေးတဲ့ အစိုးရများကို ဖြုတ်ချရန် ကြိုးပမ်းနေကြောင်း ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး ပီတာ စဇီဂျာတို က ပြောသွားပါတယ်။ 

စလိုဗက်နိုင်ငံခြားရေးဝန်ကြီး ဂျူရက်ဇ်ဘလန်နာ နဲ့ ဆာဘီးယား ထိပ်တန်းသံတမန် မာကိုဒူရစ် တို့နဲ့  ဖုန်းခေါ်ဆိုပြီးနောက် ကြာသပတေးနေ့က ၎င်းရဲ့ ဖေ့စ်ဘုတ်အကောင့်မှာ ရေးတင်လိုက်တာပဲ ဖြစ်ပါတယ်။ စဇီဂျာတိုရဲ့  အဆိုအရ သူတို့အနေနဲ့ သူတို့ရဲ့ အချုပ်အခြာအာဏာ နဲ့ ရပ်တည်ချက်အပေါ်  ခိုင်မာစေရန် သဘောတူခဲ့ကြပြီး ပြင်ပဖိအားများ တိုးပွားလာနေသည့်ကြားတွင် အပြန်အလှန် စည်းလုံးညီညွတ်မှုကို ကတိပြုခဲ့ကြပါတယ်လို့ သိရပါတယ်။ 

“ကမ္ဘာ့နိုင်ငံရေးမှာ အီးယူက အရေးမပါတော့ပါဘူး။ ဥရောပကို ထရမ့်-ပူတင် တို့ရဲ့ အလက်စကား ဆွေးနွေးပွဲတွေကနေ ဖယ်ထုတ်လိုက်တာက သက်သေပါပဲ”လို့ ပြောသွားပါတယ်။ 

 အီးယူအဖွဲ့ဝင်နိုင်ငံတွေက ရုရှား၊ ယူကရိန်းနှင့် အမေရိကန်တို့ ပါဝင်သော ဆွေးနွေးပွဲများတွင် ပါဝင်ခွင့်ရဖို့အတွက် ထပ်ခါတလဲလဲ တောင်းဆိုခဲ့ပြီး ယူကရိန်းနဲ့ အီးယူ လုံခြုံရေး အကျိုးစီးပွားများကို အာမခံရန် “ဥရောပပါဝါ”က အရေပါတဲ့ အစိတ်အပိုင်းတစ်ရပ်မှာ  ရှိသင့်သည်ဟု အခိုင်အမာ ပြောဆိုထားပါတယ်။ 

ဟန်ဂေရီ၊ ဆားဘီးယားနှင့် ဆလိုဗက်ကီးယားတို့ကတော့ အီးယူလို ယူကရိန်းကို ထောက်ပံ့မှုပေးမဲ့ အစား အမျိုးသားအကျိုးစီးပွားကို ဦးစားပေးနေတာဖြစ်လို့ အီးယူက ဖိအားများ ဆက်တိုက်ပေးနေတာကို ခံနေရပါတယ်။ အဲ့ဒိနိုင်ငံတွေကတော့ အီးယူနဲ့ပတ်သက်လာရင် စစ်ရေး အကူအညီထက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကိုပဲ လိုလာကြောင်း ထုတ်ဖော်ပြောနေပါတယ်။ 

“ကျနော်တို့ကတော့ အီးယူရဲ့ လက်အောက်ငယ်သားတွေအဖြစ်ကနေ ရုန်းထွက်ဖို့ ပြင်ဆင်နေပါတယ်။ ကျနော်တို့ရဲ့ အမျိုးသားအကျိုးစီးပွားကို ထိခိုက်လာရင်တော့ အီးယူနဲ့ ဆက်တွဲဖို့က မဖြစ်နိုင်တော့ပါဘူး” လို့ ဆိုသွားပါတယ် ။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)