ဩဂုတ် - ၁၅ ( သောကြာနေ့ )
ရုရှားရေနံစိမ်း ဝယ်ယူနေတာနဲ့ ပတ်သက်ပြီး အမေရိကန်က အိန္ဒိယကို ကုန်သွယ်ခွန် ၅၀% တိုးမြှင့်လိုက်တာ ကြောင့် အဲ့ဒါကို မကျေနပ်ကြတဲ့ အိန္ဒိယလယ်သမားတွေက အမေရိကန်တွေရဲ့ ကုန်စည်တွေကို သပိတ်မှောက်ဖို့ အတွက် တောင်းဆိုလိုက်ပါတယ်။ နောက်ပြီး အမေရိကန်ကုမ္ပဏီတွေအတွက် စိုက်ပျိုးရေး ဆိုင်ရာဈေးကွက်တစ်ခုဖွင့်လှစ်ပေးဖို့ကိုလည်း နယူးဒေလီ အစိုးရကို တောင်းဆိုထားပါတယ်။
အိန္ဒိယနှင့် အမေရိကန်ကြား ကုန်သွယ်ရေး ညှိနှိုင်းမှုက ယခုလအစောပိုင်းတွင် ပျက်သွားခဲ့ပြီး ဝါရှင်တန်က အိန္ဒိယသွင်းကုန်များအပေါ် အခွန် ၂၅ ရာခိုင်နှုန်း ချမှတ်ခဲ့ပြီး ရုရှားရေနံ ဆက်လက်ဝယ်ယူမှုများအတွက် နောက်ထပ် ၂၅ ရာခိုင်နှုန်း ထပ်ထည့်လိုက်တာပဲ ဖြစ်ပါတယ်။ အဲ့ဒိနှုန်းက ဩဂုတ်လ ၂၇ ရက်နေ့မှစတင်ပြီး ဒုတိယအခွန်စည်းကြပ်မှု စတင်မှာဖြစ်ပါတယ်။
"ဘယ်လယ်သမားမှ ကိုကာကိုလာကို မဝယ်သင့်တော့ပါဘူး။ အိမ်မှာ လင်မနစ်နဲ့ ကျွဲနို့သောက်ဖို့ အချိန်တန်ပြီ" လို့ ဆန္ဒပြလယ်သမားတစ်ဦးက ဒေလီမြို့အနီး ဂရီတာနွိုက်ဒါ ရှိ ထွန်စက်စုဝေးပွဲ မှာပြောသွားပါတယ်။ “အိန္ဒိယ လယ်ယာထွက်ကုန်တွေ အမေရိကန်ရဲ့ သွင်းကုန်ခွန် ၅၀ ရာခိုင်နှုန်း စည်းကြပ်တဲ့စနစ်အောက်မှာ ကျသွားမယ်။ ဒီတိုးမြင့်မှုကြောင့် လယ်သမားတွေက အမြတ်တစ်ဝက်ပဲရပြီး အမေရိကန်က သွင်းကုန်ခွန် ၅၀ ရာခိုင်နှုန်း ပိုရလိမ့်မယ်”လို့ အခြားလယ်သမားတဦးက ပြောပါတယ်။
အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီကကတော့ တိုင်းပြည်အတွင်းက လယ်သမားများဘက်ကနေ ကာကွယ်ပြောသွားပါတယ်။ “ကျွန်တော်တို့အတွက်ကတော့ လယ်သမားတွေရဲ့ သက်သာချောင်ချိရေးက အမြင့်ဆုံးပါပဲ။ အိန္ဒိယက လယ်သမားတွေ၊ နို့ထွက်ပစ္စည်းကဏ္ဍနဲ့ တံငါသည်တွေရဲ့ သာယာဝပြောရေးကို ဘယ်တော့မှ အလျှော့မပေးဘူး။ ပြီးတော့ အဲဒါအတွက် ကြီးကြီးကျယ်ကျယ် ပေးဆပ်ရမယ်ဆိုတာကိုလည်း ကိုယ်တိုင်ကိုယ်ကျ သိပါတယ်" လို့ ဆိုသွားပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment