ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတဦးမြင့်ဆွေ ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် ရန်ကုန်မြို့အခြေစိုက်သံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးအကြီးအကဲများက လက်မှတ်ရေးထိုး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတဦးမြင့်ဆွေ ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် ရန်ကုန်မြို့အခြေစိုက်သံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးအကြီးအကဲများက လက်မှတ်ရေးထိုး

















ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတဦးမြင့်ဆွေသည် ၇-၈-၂၀၂၅ ရက် နေ့တွင်ကွယ်လွန်ခဲ့သည့်အတွက် ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်ကို ရန်ကုန်မြို့၊ စကားဝါ လမ်းရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ၈-၈-၂၀၂၅ ရက်နေ့မှစတင်၍ ဖွင့်လှစ်ထားရာ မြန်မာနိုင်ငံ ဆိုင်ရာ သံအမတ်ကြီးများနှင့် သံရုံးအကြီးအကဲများက ဝမ်းနည်းကြောင်း လာရောက် လက်မှတ်ရေးထိုးခဲ့ကြသည်။

၉-၈-၂၀၂၅ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ သံရုံးအကြီးအကဲများဖြစ်သည့် ကိုရီးယား ဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Jong Ho Bom ၊ ရုရှားနိုင်ငံ သံအမတ်ကြီး H.E. Mr. Iskander Azizov ၊ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး H.E. Mrs. Ponnamperuma Arachchige Prabashini Ponnamperuma သံရုံးယာယီတာဝန်ခံ Mr. Muhammad Arif Hidayatullah ၊ ပါကစ္စတန်နိုင်ငံသံရုံးယာယီ တာဝန်ခံ Mr. Anwar Zeb၊ ကာတာနိုင်ငံ သံရုံးယာယီတာဝန်ခံ Dr. Rashid Abdulla AL-Kuwari ၊ ဘရူနိုင်းနိုင်ငံ သံရုံးယာယီတာဝန်ခံ Mr. Aizul Aziz ၊ ဆောဒီအာရေဗျနိုင်ငံ သံရုံးယာယီတာဝန်ခံ Mr. Abdullah A. Al-Hoshan တို့က ဝမ်းနည်းကြောင်းမှတ်တမ်း စာအုပ်တွင် လာရောက်လက်မှတ်ရေးထိုးခဲ့ကြသည်။ ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် လာရောက် လက်မှတ်ရေးထိုးသော သံအမတ်ကြီးများနှင့် သံရုံးအကြီးအကဲများကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

သံအမတ်ကြီးများနှင့်သံရုံးအကြီးအကဲများက ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန်ခဲ့ ခြင်းအပေါ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် ပြည်သူများ၊ ကျန်ရစ်သူမိသားစု သို့ ဝမ်းနည်းကြောင်းနှင့် စာနာထောက်ထားပါကြောင်း သတင်းစကားများ ပြောကြားခဲ့ပြီး ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်၌ လက်မှတ်ရေးထိုးခဲ့ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)