ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ နောင်ချိုမြိူ့ နေရပ်ပြန်ပါတီဝင်မိသားစုများအား သွားရောက်ကူညီထောက်ပံ့ပြီး အားပေးစကား ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ နောင်ချိုမြိူ့ နေရပ်ပြန်ပါတီဝင်မိသားစုများအား သွားရောက်ကူညီထောက်ပံ့ပြီး အားပေးစကား ပြောကြား










နေပြည်တော်၊ သြဂုတ် ၂၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသော ဦးအောင်သူ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ပါတီဥက္ကဋ္ဌ ဒေါက်တာမျိုးထွန်း၊ မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် ပါတီတာဝန်ရှိသူများ ပါဝင်သောအဖွဲ့သည် ၂၁-၈-၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် နောင်ချိုမြို့သို့ သွားရောက်ခဲ့ပြီး အကြမ်းဖက်လက်နက်ကိုင် အဖွဲ့အစည်းများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရာမှ ပြန်လည်ရောက်ရှိလာသည့် ပါတီဝင်မိသားစုများအား သွားရောက်တွေ့ဆုံကာ ကူညီထောက်ပံ့မှုများ ပေးခဲ့ကြောင်း သိရသည်။

ပထမဦးစွာ ပါတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့သည် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အစည်းများက မီးရှို့ဖျက်စီးခဲ့သည့် နောင်ချိုမြို့နယ် ပါတီရုံးပျက်စီးဆုံးရှုံးမှုများအား စစ်ဆေးကြည့်ရှုခဲ့ပြီး အမြန်ဆုံးပြန်လည် ပြုပြင်တည်ဆောက်နိုင်ရေးအတွက် လမ်းညွှန်မှာကြားပါသည်။ ဆက်လက်ပြီး ပါတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့သည် ကာကွယ်ရေးနှင့်လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသော တပ်မတော်သားများအတွက် ဆန်အိတ် ၁၀၀ အိတ်၊ ဆီ ၂၀၀ ဘူး၊ ရေသန့်ကဒ် ၁၀၀၊ Marks ၂ ဘူး၊ ငပိထောင်း ၂၀၀ ဘူး၊ ပုံးရည်ကြီး ၇၅ ထုပ်နှင့် ရဲတပ်ဖွဲ့ဝင်များအတွက် ဆန်အိတ် ၇၅ အိတ်၊ ဆီ ၁၅၀ ဘူး၊ ရေသန့်ကဒ် ၁၀၀၊ Marks ၂ ဘူး၊ ငပိထောင်း ၅၀ ဘူးတို့အား ထောက်ပံ့ပေးအပ်သည်။

ထို့နောက် ပါတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့သည် နေရပ်ပြန်ပါတီဝင်မိသားစုများအား ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့  တက်ရောက်ပြီး ပါတီဥက္ကဋ္ဌက နှစ်သိမ့်အားပေးစကားများ ပြောကြားခဲ့ပါသည်။ ထို့နောက် ပါတီဝင်မိသားစုများထဲက တစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားပါသည်။ ၎င်းနောက်  ပါတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့သည် ပါတီဝင်မိသားစုများအတွက် ဆန်အိတ် ၃၀၀ အိတ်၊ ဆီ ၆၀၀ ဘူး၊ ခေါက်ဆွဲခြောက်ဖာ ၁၀၀၊ ရေသန့်ကဒ် ၁၂၀၀၊ Marks ၄ ဘူး၊ ငပိထောင်းဘူး ၃၀၀ ဘူး၊ ပုံးရည်ကြီး ၇၅ ထုတ်တို့အား ကူညီထောက်ပံ့ခဲ့သည့်အပြင် မီးသတ်တပ်ဖွဲ့ဝင်များအတွက် ဆန်အိတ် ၁၅ အိတ်၊ ဆီ ၅၀ ဘူး၊ ရေသန့်ကဒ် ၅၀၊ Marks ၂ ဘူး၊ ငပိထောင်းဘူး ၅၀ ဘူးတို့အား ထောက်ပံ့ပေးအပ်ခဲ့သည်။ 

ထို့နောက် ပါတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ပါတီတာဝန်ရှိသူများသည် အကြမ်းဖက်သောင်းကျန်းသူများကြောင့် နေအိမ်များဖျက်စီးခံခဲ့ရသည့် ပါတီဝင်မိသားစုများ၏ အိမ်များသို့ လိုက်လံကြည့်ရှုကာ အားပေးစကားများပြောကြားခဲ့ပြီး နောင်ချိုမြို့နယ်အတွင်း ပြည်သူများ ပုံမှန်သွားလာနေမှု၊ ဈေးများစည်ကားစွာ ဖွင့်လှစ်ရောင်းချနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)