ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ဝန်ထမ်းများ၏ သား၊ သမီးများအား ဂုဏ်ပြုဆုချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ဝန်ထမ်းများ၏ သား၊ သမီးများအား ဂုဏ်ပြုဆုချီးမြှင့်


နေပြည်တော်၊ ဩဂုတ် ၅

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့က ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် စက်မှုဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ သား၊ သမီးများအား ဂုဏ်ပြုဆုချီးမြှင့်သည့် အခမ်းအနားတက်ရောက်သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ထူးချွန်မောင်မယ်များအနေဖြင့် လက်ဝယ်ရရှိပိုင်ဆိုင် ပြီးဖြစ်သော ထူးချွန်တံဆိပ်၊ ဂုဏ်ဒြပ်များနှင့်သာ ကျေနပ်ရောင့်ရဲမနေကြဘဲ အဆင့်မြင့်ပညာများကို လေ့လာသင်ကြားရာတွင် ထူးချွန်ထက်မြက်သူများ ဖြစ်အောင် အရှိန်အဟုန်မပြတ် ဆက်လက်ကြိုးစား အားထုတ်သွားကြပြီး အနာဂတ်တွင် တိုင်းပြည်အကျိုးပြုမည့် အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်အောင် ရည်မှန်းချက်ထား ကြိုးစားအားထုတ်သွားကြရန် မှာကြားလိုကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် တတ်မြောက်ထားသည့် ပညာရပ်များဖြင့် မိမိနိုင်ငံ၊ မိမိလူမျိုး၊ မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုများချီးမြှင့်ရာ ထူးချွန်ဆုရ ကျောင်းသား ကျောင်းသူများကိုယ်စား (၅)ဘာသာဂုဏ်ထူးရှင် မဇင်ဇင်ဆန်းထွဋ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် စက်မှုဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ သား၊ သမီး ၃၂၇ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ၁၇၇ ဦး အောင်မြင်ခဲ့သည့်အတွက် အောင်ချက်ရာခိုင်နှုန်း ၅၄ ဒသမ ၁၃ ရာခိုင်နှုန်းရှိကာ (၅)ဘာသာဂုဏ်ထူးရှင် လေးဦး၊ (၄)ဘာသာဂုဏ်ထူးရှင်လေးဦး၊ (၃)ဘာသာဂုဏ်ထူးရှင် ၁၃ ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် ရှစ်ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် ၂၀ ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)