သန်လျင်ခရိုင် မှ ပြည်ခိုင်ဖြိုးပါတီသို့ ပါတီဝင်အသစ်( ၂၁၈၀)ဦး အဆိုပြုလွှာပေးအပ်၊ မိမိတို့ပါတီသို့ ယုံကြည်မှုရှိစွာ ဝင်ရောက်လာမှုအတွက် များစွာဂုဏ်ယူရပါကြောင်း ဦးခင်ရီ ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သန်လျင်ခရိုင် မှ ပြည်ခိုင်ဖြိုးပါတီသို့ ပါတီဝင်အသစ်( ၂၁၈၀)ဦး အဆိုပြုလွှာပေးအပ်၊ မိမိတို့ပါတီသို့ ယုံကြည်မှုရှိစွာ ဝင်ရောက်လာမှုအတွက် များစွာဂုဏ်ယူရပါကြောင်း ဦးခင်ရီ ပြောကြား






















ရန်ကုန်၊ ဩဂုတ် ၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်း၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များနှင့်အတူ ၂-၈-၂၀၂၅ ရက်နေ့ နံနက် ၀၉၃၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်တွင် ကျင်းပပြုလုပ်သော သန်လျင်ခရိုင်အတွင်းရှိ သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ၊ ကိုကိုးကျွန်း မြို့နယ်များမှ ပါတီဝင်အသစ် (၂၁၈၀)ဦး၏ အဆိုပြုလွှာများပေးအပ်ပွဲ အခမ်းအနားသို တက်ရောက်ခဲ့သည်။

အခမ်းအနားကို နိုင်ငံတော်အလံအလေးပြု၍ နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ပြီး ပါတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာ “မိမိတို့ပါတီသို့ ယုံကြည်မှုရှိစွာ ဝင်ရောက်လာမှုအတွက် များစွာဂုဏ်ယူရပါကြောင်း၊ မိမိတို့ပါတီသည် နိုင်ငံတော်၏ လိုအပ်ချက်အရ ပေါ်ပေါက်လာသည့် သမိုင်းကြောင်းကောင်းမွန်သည့် ပါတီဖြစ်ကြောင်း၊ မိမိတို့ပါတီသည် ထူးခြားကောင်းမွန်သော ဝိသေသများဖြင့် ပြည့်စုံနေသော ပြည်ထောင်စုပါတီဖြစ်ကြောင်းနှင့် ပါတီဝင်များဖြစ်ပြီဖြစ်တဲ့အတွက် ပါတီမှချမှတ်ထားသော လုပ်ငန်းစဉ်များအား မိမိတို့တတ်စွမ်းသမျှ ဝိုင်းဝန်းကူညီ ဆောင်ရွက်သွားကြရန်” ပြောကြားခဲ့သည်။

ဆက်လက်ပြီး ပါတီဝင်အသစ်များ၏ အဆိုပြုလွှာများအား သက်ဆိုင်ရာမြို့နယ်အလိုက် အပ်နှင်းရာ ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်း၊ ဗဟိုအတွင်းရေးမှူး ဒေါက်တာသန်းထွန်း၊ ဗဟိုအလုပ်အမှုဆောင် ဦးမောင်မြင့်တို့မှ လက်ခံယူခဲ့ကြသည်။ ထို့နောက် ပါတီသို့ဝင်ရောက်ရခြင်းအကြောင်းအား သက်ဆိုင်ရာမြိုနယ်အလိုက် ပါတီဝင်အသစ်များ၏ကိုယ်စား ကိုယ်စားလှယ်များကရှင်းလင်းတင်ပြကြသည်။ ၎င်းနောက် အခမ်းအနားကို နံနက် ၁၁၀၀ အချိန်တွင် ရုတ်သိမ်းခဲ့ပြီး ပါတီဥက္ကဋ္ဌနှင့် ပါတီအကြီးအကဲများက တက်ရောက်လာကြသော ပါတီဝင်များ၊ ပါတီဝင်အသစ်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့သည်။

အဆိုပါ ပါတီဝင်အသစ်များ၏ အဆိုပြုလွှာများ ပေးအပ်ပွဲအခမ်းအနားသို့ ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်း၊ ဗဟိုအတွင်းရေးမှူးများဖြစ်ကြသည့် ဒေါက်တာသန်းထွန်း၊ ဒေါက်တာဒေါ်စန်းစန်းနွယ်၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် ဦးမောင်မြင့်၊ ဒေါ်ခင်ရွှေမြင့်၊ ဒေါ်သိင်္ဂီဝင်းရွှေ၊ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် တိုင်းပါတီကော်မတီဝင်များ၊ ခရိုင်/မြို့နယ်/ရပ်ကျေး အဆင့်ဆင့်ပါတီတာဝန်ရှိသူများ၊ ပါတီဝင်များ၊ ပါတီဝင်အသစ်( ၂၁၈၀)ဦး၊ အခမ်းအနားသို့စိတ်ဝင်စား၍ တက်ရောက်လာသော ပြင်ပ ပုဂ္ဂိုလ်များ အပါအဝင် အင်အား (၄၂၀၀)ကျော်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)