ရုရှား နဲ့ ကုန်သွယ်တဲ့ ကိစ္စမှာ ကျနော်တို့ထက် အနောက်နိုင်ငံတွေက ပိုပါတယ် လို့ အိန္ဒိယဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှား နဲ့ ကုန်သွယ်တဲ့ ကိစ္စမှာ ကျနော်တို့ထက် အနောက်နိုင်ငံတွေက ပိုပါတယ် လို့ အိန္ဒိယဆို


ဩဂုတ် - ၅ ( အင်္ဂါနေ့ ) 

ရုရှား ရေနံကုန်သွယ်မှုနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဥရောပတို့က အိန္ဒိယကို ပြစ်တင်မှုတွေလုပ်နေတာနဲ့ ပတ်သက်ပြီးအိန္ဒိယက ကျနော်တို့ထက် ခင်ဗျားတို့က ရုရှားဆီကနေ စွမ်းအင်တွေဝယ်ယူတာ ပိုများပါတယ် လို့ တုံ့ပြန်ပြောဆိုပါတယ်။ 

အနောက်နိုင်ငံတွေက မော်စကိုနဲ့ စွမ်းအင်ဆိုင်ရာ ဆက်ဆံမှုတွေအတွက် နယူးဒေလီကို အမြဲတစေ ဖိအားပေးနေပါတယ်။ ရေနံအမြောက်အမြားဝယ်ယူခြင်းဖြင့် ရုရှားနှင့် ယူကရိန်းပဋိပက္ခတွင် အိန္ဒိယက ရုရှားကို ထိရောက်စွာ ငွေကြေးထောက်ပံ့နေတယ်လို့ အမေရိကန်အရာရှိများက စွပ်စွဲထားပါတယ်။ အိန္ဒိယကတော့ ရုရှားရေနံတွေက နိုင်ငံတော် အကျိုးစီးပွားအတွက် ဆောင်ရွက်နေတာဖြစ်ပြီး ပြည်သူတွေ လိုအပ်တဲ့ စွမ်းအင်င်ကို တတ်နိုင်သလောက်ဖြည့်ဆည်းပေးတဲ့ အခြေအနေလောက်ပဲ ရှိပါတယ်။ အနောက်နိုင်ငံတွေရဲ့ စွပ်စွဲချက်တွေက အလွန်ပြင်းထန်လွန်းအားကြီးပါတယ် ဆိုပြီး ပြန်လည်တုံ့ပြန်ထားပါတယ်။  အိန္ဒိယ အစိုးရဘက်က တရားဝင်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ရုရှားရေနံ ဝယ်ယူမှုများက ကမ္ဘာ့ရေနံဈေးနှုန်းတည်ငြိမ်မှုကို အထောက်အကူဖြစ်စေတယ်လို့ ဆိုထားပါတယ်။ 

“အိန္ဒိယဟာ သူ့ရဲ့ အမျိုးသား အကျိုးစီးပွားနဲ့ စီးပွားရေး လုံခြုံရေးကို ကာကွယ်ဖို့ လိုအပ်တဲ့ အစီအမံ အားလုံးကို လုပ်ဆောင်မှာ ဖြစ်ပါတယ်။ အိန္ဒိယ ကိုပစ်မှတ်ထားပြီး ပြစ်တင်ပြောဆိုနေတာက တရားမျှတမှု မရှိပါဘူး” လို့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။ 

စီးပွားရေးအရ ဆက်ဆံမှုကို ဖြတ်တောက်ရန် ထပ်ခါတလဲလဲ ကတိပြုထားပေမဲ့ ဥရောပသမဂ္ဂနိုင်ငံတွေက ရုရှား နဲ့ကုန်သွယ်မှု ဆက်လက်လုပ်ဆောင်နေကြောင်းလည်း ထောက်ပြခဲ့ပါတယ်။ "ကျွန်ုပ်တို့၏ကိစ္စနှင့်မတူဘဲ၊ ထိုသို့သော အီးယူနိုင်ငံတွေ ရုရှား နဲ့ကုန်သွယ်နေတာ ကလည်း အရေးကြီးတဲ့ အမျိုးသားရေး တွန်းအားပေးမှု မဟုတ်ဘူးလား"လို့ ဆိုပါတယ်။  

အီးယူသည် ၂၀၂၄  ခုနှစ်တွင် ရုရှားနှင့် ကုန်သွယ်မှု ယူရို ၆၇.၅ ဘီလီယံ (ဒေါ်လာ ၇၈ ဘီလီယံကျော်) နဲ့ ၂၀၂၃ တုန်းက ရုရှား ဝန်ဆောင်မှု ၁၇ . ၂ ဘီလီယံ ဖိုးကုန်သွယ်မှု ပြုခဲ့တာက အိန္ဒိယက ရုရှားဆီမှ ရေနံဝယ်တာထက် အများကြီးပိုပြီး သုံးစွဲခဲ့တာကို မပြောဘူးလို့ ဆိုပြီး ဥရောပဆိုင်ရာ အချက်အလက်များကို ကိုးကားပြီး ပြောသွားပါတယ်။  ဥရောပကို တင်သွင်းတဲ့ ရုရှား LNG က မနှစ်တုန်းက တန်ချိန် ၁၆ ဒသမ ၅ သန်းအထိ စံချိန်တင်ရောက်ရှိခဲ့ပြီး ဓာတ်မြေသြဇာ၊ ဓာတုပစ္စည်းများ၊ သံမဏိနှင့် စက်ယန္တရားများအထိ စွမ်းအင်အပြင် ကုန်သွယ်မှုကို တိုးချဲ့ခဲ့ပါတယ်လို့လည်း ဆိုသွားပါတယ်။ 


Ref: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)