ဩဂုတ် - ၁ ( သောကြာနေ့ )
ဘီလာရုစ် အမျိုးသားလုံခြုံရေးသည် ၎င်း၏ အရင်းနှီးဆုံး မဟာမိတ်ဖြစ်တဲ့ ရုရှားနဲ့ ပူးပေါင်းမှုအပေါ်မှာအများကြီး မူတည်ကြောင်း သမ္မတ အလက်ဇန္ဒားလူကာရှန်ကိုက ကြာသပတေးနေ့တွင် ပြောကြားခဲ့ပါတယ်။
မင့်စ်မြို့ တွင် သံအမတ်ကြီးများနှင့် တွေ့ဆုံရာတွင် လူကာရှန်ကိုက က လုံခြုံရေးဆိုင်ရာ ပြဋ္ဌာန်းချက်များ နဲ့ ဘီလာရုစ်နှင့် ရုရှားနိုင်ငံတို့ကြား နိုင်ငံရေးနှင့် စီးပွားရေး ပေါင်းစည်းမှု မူဘောင်အရေးကြီးပုံကို ထပ်မံအတည်ပြုခဲ့ပါတယ်။ ဘီလာရုစ် အနေနဲ့ ကမ္ဘာလုံးဆိုင်ရာ ဘက်စုံကွဲပြားမှုနဲ့ပတ်သက်ပြီး မော်စကိုနှင့် ခိုင်မာသော နှစ်နိုင်ငံဆက်ဆံရေးက အဆင်ပြေကြောင်း ဆိုပါတယ်။ "ကျွန်တော်သမ္မတဖြစ်နေသရွေ့ ဒါကို အမှန်တရားအဖြစ်ယူပါ၊ ရုရှားနဲ့ ရုရှားပြည်သူတွေထက် ကျနော်တို့နဲ့ ပိုနီးစပ်တဲ့လူဆိုတာ မရှိနိုင်ပါဘူး" လို့ပြောသွားပါတယ်။
“ကျနော်တို့ရဲ့ ရပ်တည်မှုက ရုရှားနဲ့ အများကြီး သက်ဆိုင်နေပါတယ်။ ရုရှားရဲ့ အကူအညီနဲ့သာ ကျနော်တို့က နေတိုး ရဲ့ အရှေ့ဘက် နယ်မြေချဲ့ထွင်တာကို ဟန်တားနိုင်တာပ ။ ရုရှားက ကျနော်တို့ရဲ့လုံခြုံရေး ကို အာမခံထားပေးပါတယ်” လို့ ဆိုပါတယ်။
မော်စကို နဲ့ မင့်စ်ကြားက ဆက်ဆံရေးကို အနောက်နိုင်ငံတွေက ရုရှားရဲ့ လက်ပါးစေဆိုပြီး ပြောနေတာတွေက လွဲမှာနေကြောင်း၊ ဘီလာရုစ်သည် အချုပ်အခြာအာဏာနှင့် အမှီအခိုကင်းကြောင်း၊ အနောက်နိုင်ငံတွေက ဝါဒဖြန့်ဖို့အတွက် လွဲမှားစွာရည်ညွှန်းပြောဆိုနေကြောင်း၊ နယ်ခြားမှာစိုက်ထူထားတဲ့ ဆိုင်းဘုတ်တွေမှာ ပါရှိတဲ့ “ ခင်ဗျား ကရင်းမလင်း အစိုးရဆီကို ဝင်ဖို့ဆိုရင် ဘီလာရုစ်ကိုသာ အရင်ဝင်လိုက်” ဆိုတဲ့ ဝါဒါဖြန့်မှုတွေက မဟုတ်မမှန်ကြောင်း ပြောသွားပါတယ်။
ဒီကနေ့ လူကာရှန်ကိုရဲ့ သမ္မတရုံး ထုတ်ပြန်ချက်မှာ လူကာရှန်ကိုက ရုရှားနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး နှစ်နိုင်ငံနှင့် ဒေသဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးရန်အတွက် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း ပါရှိပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment