ပေါင်မြို့နယ်၌ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့မှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့မှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်




ပေါင်၊ ဩဂုတ်    ၁   

မွန်ပြည်နယ်၊ ပေါင်မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့မှ  အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ ဥက္ကဋ္ဌ ဦးထင်လင်းအောင် က ယခုရာသီသည်  မိုးရာသီဖြစ်သည့်အတွက် သဘာဝဘေးများဖြစ်သည့် ရေကြီးခြင်း၊ မြေပြိုခြင်းအပြင် မုန်းတိုင်းဘေး ဖြစ်ပွားလာပါက အချိန်မီ ရှာဖွေကယ်ဆယ်‌ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါရန်နှင့် သဘာဝဘေးနှင့်ပတ်သက်၍ ထူးခြားမှုဖြစ်လာပါက အချိန်နှင့်တပြေးညီ သတင်းပေးပို့ကြပါရန် ဌာနဆိုင်ရာများအနေဖြင့် မိမိရုံးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ကြပါရန်၊ ဌာနဆိုင်ရာများအနေဖြင့် မိမိရုံးလုပ်ငန်းအပြင် ရွေးကောက်ပွဲအတွက် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာများကို ပြင်ဆင်ထားကြပါရန်  ဌာနများအနေဖြင့် မိမိရုံးယူနီဖောင်းကိုနေ့စဉ် ဝတ်ဆင်ကြရန်လိုအပ်ပါကြောင်း၊ မိမိမြို့ရွာဖွံ့ဖြိုးတိုးတက်စေရန် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်းပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အားကြိုးမာန်တက်ကြိုးစားပြီး ပူးပေါင်းဆောင်ရွက်ကြပါရန် ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့မှအဖွဲ့ဝင် ဗိုလ်မှူးကျော်နိုင်ဦးက လုပ်ငန်းများဆောင်ရွက်ရာတွင် မိမိလုံခြုံရေးကို ဂရုစိုက်ဆောင်ရွက်ရန်၊ အတွင်းရေးမှူး ရဲမှူးမြင့်ဇော်ဦး က ဌာနဆိုင်ရာများအနေဖြင့် လိုင်စင်မဲ့မော်တော်ယဉ်များကို အသုံးမပြုကြပါရန်နှင့် မိမိကျန်းမာရေးနှင့် ပြည်သူများ၏ ကျန်းမာရေးကို ဂရုစိုက်ကြပါရန် ပြောကြားဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက သိလိုသည်များကိုမေးမြန်းခဲ့ရာ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့  ဥက္ကဋ္ဌ ဦးထင်လင်းအောင် နှင့်အဖွဲ့ဝင် တို့က ပြန်လည်ဖြေကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မွန်မလေး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)