ဩဂုတ် - ၁ ( သောကြာနေ့ )
ရုရှားနှင့် အမေရိကန်တို့သည် နိုင်ငံတကာ အာကာသစခန်း (ISS) ပေါ်တွင် အာကာသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့လုပ်ဆောင်ရန် သဘောတူညီခဲ့ကြကြောင်း ရုရှားအာကာသအေဂျင်စီ ရော့စ်ကော့စ်မော့စ် က ပြောကြားခဲ့ပါတယ်။
မနေ့က ရော့စ်ကော့စ်မော့စ် အကြီးအကဲ ဒီမီထရီ ဘာကာနောဗ့် က တက္ကဆက်ပြည်နယ် ဟူစတန်မြို့တွင် ခေတ္တ NASA (နာဆာ) အုပ်ချုပ်ရေးမှူး ရှောင်ဒက်ဖီ နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဆိုပါတွေ့ဆုံမှုသည် ရှစ်နှစ်အတွင်း အာကာသအေဂျင်စီနှစ်ခု၏ အကြီးအကဲများအကြား ပထမဆုံး လူချင်းတွေ့ဆုံမှုဖြစ်ပါတယ်။ ၎င်းတို့နှစ်ဦးသည် ဆက်လက်လုပ်ဆောင်နေသော ISS စစ်ဆင်ရေးများ၊ အနာဂတ် လကမ္ဘာမစ်ရှင်များနှင့် ပူးတွဲ အာကာသတွင်းနက် ရှာဖွေရေး ပရောဂျက်များကို ဆွေးနွေးခဲ့ကြပါတယ်။
တွေ့ဆုံမှုအပြီးတွင် ဘာကာနောဗ့် က "တွေ့ဆုံဆွေးနွေးမှုဟာ ကောင်းမွန်ခဲ့ပါတယ်။ ISS ကို ၂၀၂၈ ခုနှစ်အထိ ဆက်လက်လည်ပတ်ဖို့ ကျွန်တော်တို့ သဘောတူထားပါတယ်” လို့ ဆိုပါတယ်။
တည်ဆောက်ဖူးသမျှထဲတွင် အကြီးမားဆုံး အာကာသစခန်း ISS သည် ၁၉၉၈ ခုနှစ်ကတည်းက ကမ္ဘာကို လှည့်ပတ်ခဲ့ပြီး နိုင်ငံတကာ သိပ္ပံသုတေသနအတွက် ထူးခြားသော ပလက်ဖောင်းတစ်ခုအဖြစ် လုပ်ဆောင်ခဲ့ပါတယ်။ ယူကရိန်း ပဋိပက္ခနှင့် ပတ်သက်၍ နိုင်ငံရေး တင်းမာမှုများ ရှိနေသော်လည်း ISS သည် မော်စကိုနှင့် ဝါရှင်တန်ကြား ဆက်လက် ပူးပေါင်းဆောင်ရွက်ရေး နယ်ပယ် အနည်းငယ်ထဲမှ တစ်ခု ဖြစ်နေဆဲ ဖြစ်ပါတယ်။
ရုရှားဘက်ကတော့ ၂၀၂၄ ခုနှစ် နောက်ပိုင်းတွင် အဆိုပါ အစီအစဉ်မှ နုတ်ထွက်နိုင်တယ်လို့ ယခင်က ပြောခဲ့ပေမဲ့ နောက်ပိုင်းမှာ ဆက်လက်လုပ်ဆောင်ဖို့ အချက်ပြခဲ့ပါတယ် ။ ဘာကာနောဗ့် က နိုဝင်ဘာလ လွှတ်တင်မယ့် အမေရိကန် အာကာသယာဉ်မှူး ကို တင်ဆောင်ထားတဲ့ ဘိုင်ကိုနာ အာကာသယာဉ် လွှတ်တင်ပွဲကို တက်ရောက်ဖို့ ဒက်ဖီ ကို ဖိတ်ကြားထားတယ်လို့ ဆိုပါတယ်။ နာဆာအကြီးအကဲက တက်ရောက်ဖို့ သဘောတူ ထားပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment