ဩဂုတ် - ၁၄ ( ကြာသပတေးနေ့ )
ရာထူးမှ ဆိုင်းငံ့ထားရတဲ့ ထိုင်းဝန်ကြီးချုပ် ပေတောင်တန်ရှင်နရာဝပ်ထရာကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၇၀၊ အပိုဒ် ၁ (၄) နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၇၀ (၄) နှင့် (၅) တို့အရ ဝန်ကြီးချုပ် ရာထူးသက်တမ်း ကုန်ဆုံးခြင်း ရှိ၊ မရှိ ဆုံးဖြတ်ရန် အထက်လွှတ်တော် ဥက္ကဋ္ဌက သြဂုတ် ၂၉ ရက်တွင် စီရင်ချက် ချမှတ်ရန် လျာထားကြောင်း သိရပါတယ်။
တရားရုံးသည် သက်သေနှစ်ဦးဖြစ်တဲ့ ပေတောင်တန် နဲ့ အမျိုးသားလုံခြုံရေးကောင်စီရဲ့ အထွေထွေအတွင်းရေးမှူးချုပ်တို့ကို သြဂုတ် ၂၁ ရက်တွင် ကြားနာစစ်ဆေးမည်ဖြစ်ပြီး သြဂုတ် ၂၇ ရက် နောက်ဆုံးထားစစ်ဆေးကာ အမှုကို ပိတ်သိမ်းရန် ကြေညာချက်ထုတ်ပြန်မှာဖြစ်ပါတယ်။
ပေတောင်တန်ကတော့ ကမ္ဘောဒီယား အထက်လွှတ်တော် ဥက္ကဋ္ဌ ဟွန်ဆန် နဲ့ စကားပြောဆိုမှုမှာ ၂၀၂၁ ခုနှစ် ပြည်သူ့ဝန်ထမ်းကျင့်ဝတ်ပါ အချက်တွေကို ချိုးဖောက်ထားမှု တစ်စုံတစ်ရာ မရှိပါဘူး လို့ အခိုင်အမာဆိုထားပါတယ်။ ထို့အပြင် သူမ၏ လုပ်ရပ်များသည် ဝန်ကြီးချုပ်ရုံး၏ ဂုဏ်သိက္ခာကို ထိခိုက်မှု မရှိစေဘဲ သို့မဟုတ် သူမ၏ ရာထူး ဂုဏ်သိက္ခာနှင့် သင့်လျော်မှုအပေါ် လူအများ၏ ယုံကြည်မှုကို ပျက်ပြားစေတယ် ဆိုတဲ့ စွပ်စွဲချက်က မှန်ကန်မှု မရှိဘူးလို့ စောဒကတက်ထားပါတယ်။
ပေတောင်တန်က အမှုနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် နားလည်သဘောပေါက်စေရန် ပထဝီနိုင်ငံရေးနဲ့ ထိုင်း-ကမ္ဘောဒီးယားနယ်စပ် ပဋိပက္ခသမိုင်းကြောင်းကို ထည့်သွင်းစဉ်းစားကာ ကျွမ်းကျင်သက်သေ ငါးဦးကို ကြားနာခွင့်ပြုရန် တရားရုံးကို တောင်းဆိုထားပါတယ်။
REF: The Nation
https://t.me/MyanmarNationalPost

No comments:
Post a Comment