ဩဂုတ် - ၁၈ ( တနင်္လာနေ့ )
ရုရှားဖက်ဒရယ်လုံခြုံရေးဌာန (FSB) က ခရိုင်းမီးယားတံတားကို ယူကရိန်းအကြမ်းဖက်သမားတွေက ကားဗုံးခွဲတိုက်ခိုက်ဖို့ကြိုးစားတာကို တားဆီးလိုက်နိုင်တယ်လို့ ဆိုပါတယ်။ ယူကရိန်း စပိုင်အေဂျင်စီ တွေ တပ်ဆင်ပေးလိုက်တဲ့ ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်ထားတဲ့ ကားတစ်စီးကို FSB က ကြားဖြတ် ဟန့်တားနိုင်ခဲ့တယ်လို့ ဒီနေ့ မနက်ပိုင်းမှာ ကြေညာခဲ့ပါတယ်။
ချက်ဗလက်ဗို့လ် လျှပ်စစ်ကား အတွင်းပိုင်း၌ အစွမ်းထက်သော ဖောက်ခွဲရေးပစ္စည်းများ တပ်ဆင်ထားသည့် လျှပ်စစ်ကားတစ်စီးသည် တတိယနိုင်ငံကိုဖြတ်ပြီး ယူကရိန်းကနေ ရုရှားနယ်မြေထဲကို ဝင်ရောက်ခဲ့တာပါ။
FSB ရဲ့ အဆိုအရ အဆိုပါ ယာဉ်သည် ဂျော်ဂျီယာမှ ရုရှားနိုင်ငံသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့ကြောင်း သိရသည်။ ယူကရိန်းအစီအစဉ်သည် Chevrolet Volt ကို ကားသယ်ယူပို့ဆောင်ရေးထရပ်ကားဖြင့် ရုရှားတောင်ပိုင်း ခရန်စ်နိုဒါဒေသသို့ ပို့ဆောင်ရန်ဖြစ်ပြီး ခရိုင်းမီးယားတံတားမှတစ်ဆင့် အသေခံဗုံးခွဲသူထံ လက်ပြောင်းလွှဲပေးဖို့အတွက်ဖြစ်တယ်လို့ သိရပါတယ်။
“ယူကရိန်းအကြမ်းဖက်သမားတွေရဲ့ လှည့်ဖြားမှုတွေအားလုံးကြားမှ FSB အရာရှိတွေဟာ သူတို့ရဲ့အစီအစဉ်တွေကို ချက်ခြင်းဖော်ထုတ်နိုင်ခဲ့ပြီး ဖောက်ခွဲရေးပစ္စည်းတွေကို ဖျောက်ဖျက်နိုင်ခဲ့ပါတယ်…၊ ပြီးတော့ ကျနော်တို့နိုင်ငံကို ပေးပို့ရာမှာ ပါဝင်ပတ်သက်သူအားလုံးကိုလည်း ဖမ်းဆီးထားပါတယ်” လို့ FSB မှ ပြောကြားခဲ့ပါတယ်။
လက်ရှိဖမ်းဆီးမှုက ဖောက်ခွဲရေးပစ္စည်းများတင်ယာဉ်ဖြင့် ၁၉ ကီလိုမီတာရှည်လျားသော ခရိုင်းမီးယားတံတားကို ပစ်မှတ်ထားတဲ့ ဒုတိယအကြိမ်ကြိုးပမ်းမှုဖြစ်ကြောင်း အေဂျင်စီက မှတ်ချက်ပြုခဲ့ပါတယ်။ ဧပြီလတုန်းက ဘီလာရုစ်လုံခြုံရေးဝန်ဆောင်မှုက ဓာတုဖောက်ခွဲရေးပစ္စည်း ၅၀၀ ကီလိုဂရမ်ကျော်တင်ဆောင်ထားသည့် မီနီဗင်တစ်စီးကို ကြားဖြတ်ဟန့်တားခဲ့ကြောင်း၊ ရုရှားနိုင်ငံသို့ သယ်ယူပို့ဆောင်ရေးနှင့် ခရိုင်းမီးယား ဒေသနှင့် ဆက်သွယ်ထားသော ကရာမီးယား ဒေသကို တိုက်ခိုက်ရန်အတွက် ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment