ယူကရိန်းအနေနဲ့ ခရိုင်းမီးယား ပြန်ရဖို့နဲ့ နေတိုးအဖွဲ့ဝင် ဖြစ်ဖို့ လက်လျှော့လိုက်ပါတော့လို့ ထရမ့်က ဇီလန်းစကီးကို နားချ - Myanmar National Post

Myanmar National Post

News Agency

Breaking

ယူကရိန်းအနေနဲ့ ခရိုင်းမီးယား ပြန်ရဖို့နဲ့ နေတိုးအဖွဲ့ဝင် ဖြစ်ဖို့ လက်လျှော့လိုက်ပါတော့လို့ ထရမ့်က ဇီလန်းစကီးကို နားချ


ဩဂုတ် - ၁၈ ( တနင်္လာနေ့ ) 

ဒီကနေ့ တနင်္လာနေ့မှာ အမေရိကန်သမ္မတ ဒေါနယ်ထရမ့်က ယူကရိန်းသမ္မတ ဇီလန်စကီး အပါအဝင် ဥရောပနိုင်ငံတွေက ခေါင်းဆောင် ၇ ဦီး နဲ့ တွေ့ဆုံပြီး ရုရှား- ယူကရိန်း ပဋိပက္ခ အဆုံးသတ်ရေးကို တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။ မနေ့က ညကတော့ သမ္မတထရမ့်က မော်စကိုက သိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားကို ပြန်လည်ရရှိဖို့နဲ့ နေတိုးအဖွဲ့ထဲကို ပါဝင်ခွင့် က မဖြစ်နိုင်ဘူးလို့ ထရမ့်က ကြေညာခဲ့ပါတယ်။ 

ထရမ့်က သူ့ရဲ့လူမှုမီဒီယာပလက်ဖောင်း Truth Social မှာ ဇီလန်စကီး အနေနဲ့ "သူလိုချင်ရင် ရုရှားနဲ့ စစ်ပွဲကို ချက်ချင်းရပ်နိုင်တယ်၊ ဒါမှမဟုတ် ဆက်တိုက်နိုင်တယ်" လို့ ပြောပါတယ်။ “ဒါပေမဲ့ ဘယ်လိုစတင်ခဲ့တာကို သတိရပါ။ အိုဘားမားလက်ထက်ကတည်း က ခရိုင်းမီးယားကို ရုရှား လက်ထဲရောက်သွားတာ ၁၂ နှစ်တောင် ရှိသွားပါပြီ။ ဘာသေနတ် တစ်ချက်မှ မဖောက်ဘဲနဲ့လေ။  ယူကရိန်းက နေတိုးထဲကိုလည်း ဝင်ခွင့်ရမှာ မဟုတ်ပါဘူး” လို့ ထရမ့်က ရေးတင်ခဲ့ပါတယ်။ 

ဇီလန်စကီးကတော့ ထရမ့်ရဲ့ သတင်းစကားကို တိုက်ရိုက်တုံ့ပြန်ခြင်းမရှိသော်လည်း တနင်္ဂနွေညနှောင်းပိုင်း ထုတ်ပြန်သောကြေငြာချက်တွင် ထရမ့်နဲ့  တွေ့ဆုံရန်အတွက် သူသည် ဝါရှင်တန်သို့ ရောက်ရှိနေပါတယ် လို့ ရေးတင်ထားတာရှိပါတယ်။ 

"ဖိတ်ကြားမှုအတွက်  ကျေးဇူးတင်ပါတယ်။ ဒီစစ်ပွဲကို မြန်မြန်ဆန်ဆန်နဲ့ စိတ်ချယုံကြည်စွာ အဆုံးသတ်လိုတဲ့ ပြင်းပြတဲ့ဆန္ဒက ကျနော်တို့ အားလုံးမှာ ရှိပါတယ်။  ဒါ့အပြင် ငြိမ်းချမ်းရေးက ရေရှည်တည်မြဲနေရမယ်" လို့ရေးတင်ခဲ့ပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)