လေးမျက်နှာမြို့နယ်တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီ နေရပ်စွန့်ခွာရောက်ရှိ လာသော ပြည်သူများအား ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လေးမျက်နှာမြို့နယ်တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီ နေရပ်စွန့်ခွာရောက်ရှိ လာသော ပြည်သူများအား ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပ



လေးမျက်နှာ၊ ဩဂုတ် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှအကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာ၍ ယာယီရောက်ရှိလာသော ပြည်သူများအား ဧပြီ၊ မေ၊ ဇွန်လများအတွက် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပခဲ့သည်။

ဦးစွာ ဧရာဝတီတိုင်း‌ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဧရာဝတီတိုင်း‌ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ ဧရာဝတီတိုင်း‌ ဒေသကြီး အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးခန့်မွန်ဆွေနှင့် ဧရာဝတီတိုင်း‌ ဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဆန်းချစ်တို့က တိုက်ပွဲရှောင်ပြည်သူများအား တစ်ဦးလျှင် (၂၀၀၀၀)ကျပ်နှုန်းနှင့် (၃)လစာထောက်ပံ့ငွေများ‌ ပေးအပ်ခဲ့သည်။

အခမ်းအနားသို့ ဧရာဝတီတိုင်း‌ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ ဧရာဝတီတိုင်း‌ ဒေသကြီးအစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးခန့်မွန်ဆွေ၊ ဧရာဝတီတိုင်း‌ ဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဆန်းချစ်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တိုက်ပွဲရှောင်ပြည်သူများ တက်ရောက်ခဲ့‌ ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)