ဟင်္သာတ၊ ဩဂုတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ဟင်္သာတမြို့နယ် မိုးကောင်းပရိယတ္တိ စာသင်တိုက်အတွင်းရှိ အောင်ပြည့်ဖြိုးဦး သာသနာ့ဗိမာန်သိမ်တော်ကြီးတွင် တိပိဋကဓရ၊ တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး (၈)ပါးနှင့် ဟင်္သာတမြို့ပေါ်ရှိ သက်တော်ရှည်ဆရာတော်ကြီးများ၊ မြို့နယ် သံဃနာယကဆရာတော်များ၊ စာချဆရာတော်များအား ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် စာသင်သားသံဃာတော် အပါး(၁,၀၀၀)ကျော်တို့အား စာသင်သားသုံးပစ္စည်းဝတ္ထုများအား လှူဒါန်းခြင်း အခမ်းအနားကို ဩဂုတ် ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ ဆရာတော်သံဃာတော်များ ၊ ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ကြပြီး ဟင်္သာတမြို့ မိုးကောင်းပရိယတ္တိ စာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက နိုင်ငံတော် ဩဝါဒါစရိယ ဘဒ္ဒန္တ သုဓမ္မာ စာရာဘိဝံသ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။ ဆက်လက်၍ ဆရာတော်၊ သံဃာတော်များမှ မေတ္တာသုတ် ပရိတ်တရားချီးမြှင့်ခြင်း၊ မိုးကောင်းပရိယတ္တိ စာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက နိုင်ငံတော် ဩဝါဒါစရိယ ဘဒ္ဒန္တ သုဓမ္မာ စာရာဘိဝံသက သံဃာတော် အရှင်သူမြတ်အပေါင်းနှင့် တပည့်ဒါယကာ ဒါယိကာမ အပေါင်းတို့အား သြဝါဒကထာ မိန့်ကြားခဲ့သည်။ ထို့နောက် မိုးကောင်းပရိယတ္တိ စာသာတိုက်ကြီး၏ ဦးစီးပဓာန နာယက နိုင်ငံတော် ဩဝါဒါစရိယ ဘဒ္ဒန္တ သုဓမ္မာ စာရာဘိဝံသနှင့် တိပိဋကဓရ၊ တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော်ရ ဆရာတော် (၈)ပါး၊ ဟင်္သာတမြို့ပေါ်ရှိ သက်တော်ရှည်ဆရာတော်ကြီးများ၊ မြို့နယ် သံဃနာယက ဆရာတော်များ၊ စာချဆရာတော်များအား ဟင်္သာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့်ဇနီးတို့က ဦးဆောင်၍ အလှူရှင် ဒါယကာ ဒါယိကာမများက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှိုင်ထွန်းက ကျေးဇူးတင် ဝမ်းမြောက်စကား လျောက်ထားပါသည်။ ဆက်လက်၍ ဘဒ္ဒန္တ ဣန္ဒပါလ (ရမ္မဝတီဆရာတော်) နှင့် တိပိဋကဓရ ဘဒ္ဒန္တ ဝိရိယာနန္ဒ(ကမ္ဘောဇဆရာတော်)က စာသင်သား သံဃာတော်များအား ဩဝါဒကထာချီးမြင့်တော်မူခြင်း၊ စာသင်တိုက်အသီးသီးမှ စာသင်သားသံဃာတော်အပါး (၁,၀၀၀)ကျော်နှင့် သီလရှင် ဆရာကြီး ဆရာလေးတို့အား စာသင်သားသုံးပစ္စည်းဝတ္ထုများအား ဆက်ကပ်လှူဒါန်းခြင်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့အတွက် တိပိဋကဓရ ဘဒ္ဒန္တ ပညာဝံသာဘိဝံသ (ကျောက်ပန်းတောင်းဆရာတော်)ထံမှ ရေစက်ချတရားနာကြားခဲ့ကြပြီး အခမ်းအနားအား ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အောင်မြင်စွာ ပိတ်သိမ်းခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ဟင်္သာတမြို့ မိုးကောင်းပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက နိုင်ငံတော် ဩဝါဒါစရိယ၊ တိပိဋ ကဩဝါဒါစရိယအဖွဲ့ ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဠဂုရု၊ အဘိဓဇမဟာသဒ္ဓမ္မဇောတိက၊ တိပိဋကာလင်္ကာရ၊ ပရိယတ္တိဆေကဓမ္မာဓိပတိ၊ ပါဠိပါရဂူ၊ ပိဋကတ္တယပါရဂူ၊ နကာယဏ္ဏဝပါရဂူ ဖြစ်တော်မူသော ဘဒ္ဒန္တ သုဓမ္မာစာရာဘိဝံသ နှင့် တိပိဋကဓရ၊ တိပိဋကကောဝိဒ၊ဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး (၈)ပါး၊ ဟင်္သာတမြို့ပေါ်ရှိ သက်တော်ရှည် ဆရာတော်ကြီးများ၊ သံဃာတော်များ၊ သီလရှင် ဆရာကြီးများ၊ ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့် ဇနီး ဒေါ်သက်သက်ဦး၊ ခရိုင်သာသနာရေးမှူး ဦးသိန်းဇော်နှင့် ဝန်ထမ်းများ၊ အလှူရှင် ဒါယကာ ဒါယိကာမများနှင့် ဧည့်ပရိသတ်များ (၁၅၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment