ဩဂုတ် - ၂၈ ( ကြာသပတေးနေ့ )
ပြည်တွင်းစစ်ကြောင့် စုတ်ပြတ်သက်သွားတဲ့ ဆီးရီးယား နိုင်ငံမှာ အာဏာသိမ်းအစိုးရက တိုင်းပြည်အတွင်းမှာ အလွန်တန်ဖိုးကျဆင်းနေတဲ့ ငွေကြေးနဲ့ ပတ်သက်ပြီး ပြန်လည်ပြင်ဆင်ဖို့နဲ့ ဒီဇိုင်းရေးဖို့အတွက် ရုရှားနိုင်ငံနဲ့ ပေါင်းလုပ်နေတယ်လို့ သိရပါတယ်။
မကြာသေးမီက ဒမက်စကတ်အစိုးရက ဆိုးရွားစွာတန်ဖိုးကျနေတဲ့ ဆီးရီးယားပေါင်ငွေကြေးကို ပြုပြင်ပြောင်းလဲရန်၊ အရောင်းအ၀ယ်ပြုလုပ်ရာတွင် လွယ်ကူစေရန်နှင့် ယုံကြည်မှုပြန်လည်ရရှိရန်အတွက် လက်ရှိသုံးနေတဲ့ ငွေကြေးမှ သုညနှစ်လုံးကို ဖယ်ရှားရန် ဆုံးဖြတ်ခဲ့ပါတယ်။
ဆီးရီးယားပေါင်သည် ၂၀၁၁ ခုနှစ်ကတည်းက ၎င်းရဲ့တန်ဖိုး ၉၉ ရာခိုင်နှုန်းကျော် ဆုံးရှုံးခဲ့ပြီး အမေရိကန် တစ်ဒေါ်လာလျှင် ပေါင် ၅၀ ဖြစ်နေရာက ပေါင် ၁၀,၀၀၀ ဝန်းကျင်သို့ ကျဆင်းသွားကာ အရောင်းအ၀ယ်နှင့် ငွေလွှဲပြောင်းမှုများ နစ်နာခဲ့ရပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့မှာ ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးက "ဖောက်သည် ယုံကြည်မှုကို အားကောင်းစေတဲ့"၊ နိုင်ငံခြားငွေပေးငွေယူများကို ဖြေလျှော့ရန်ရည်ရွယ်တဲ့ ငွေကြေးအသစ်တစ်ခုကို ပြုလုပ်မယ်ဆိုပြီး ကြေငြာခဲ့ပါတယ်။ ၎င်းက လိုအပ်ချက်ကြောင့် လုပ်ရတာလို့လည်း ဆိုပါတယ်။
ဒမတ်စကတ်အစိုးရက ရုရှားအစိုးရပိုင်ကုမ္ပဏီ ဂေါ့ဇ်နက်ခ် နဲ့ သဘောတူညီချက်တစ်ခု ရရှိခဲ့ကြောင်း ဘဏ်လုပ်ငန်းရှင်နှစ်ဦးနှင့် အခြားသတင်းရင်းမြစ်များရဲ့ ပြောကြားချက်အရသိရပါတယ်။ အဆိုပါ ငွေစက္ကူများကို ပုံနှိပ်ထုတ်ဝေရန် အစီအစဉ်များကို ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး အာဆက်အယ်လ်ရှာအီဘန် က ဇူလိုင်လနှောင်းပိုင်းတွင် မော်စကိုသို့ သွားရောက်လည်ပတ်စဉ်အတွင်း အဆိုပါ သဘောတူညီချက်အား အပြီးသတ်ခဲ့ကြောင်း သိရပါတယ်။
ဆီးရီးယား ငွေစက္ကူကို အရင်က ဂေါ့ဇ်နက်ခ်ကုမ္ပဏီကပဲ ထုတ်ခဲ့တာပါ။ အစိုးရအသစ်က ယူအေအီးနဲ့ ဂျာမနီနိုင်ငံတွေမှာ ငွေစက္ကူအသစ်လုပ်ဖို့ စီစဉ်ခဲ့ပေမဲ့ အလုပ်မဖြစ်လို့ ဂေါ့ဖ်နက်ခ်ကို ပြန်လည်ဆက်သွယ်ခဲ့တာပါ။ ဒါပေမဲ့ အဲ့ဒိကုမ္ပဏီကို ယူကရိန်း ကိစ္စနဲ့ပတ်သက်ပြီး အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယူမှုလုပ်ထားပါတယ်။
အဲ့ဒိသတင်းနဲ့ပတ်သက်ပြီး ဆီးရီးယားဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုဘဏ်နဲ့ ဂေါ့ဇ်နက်ခ်တို့က မှတ်ချက်ပေးရန် ငြင်းဆိုထားပါတယ်။ ။ ငွေကြေးပြန်လည်ပြင်ဆင်မှုရဲ့ ရည်မှန်းချက်တစ်ခုက တရားဝင်ဘဏ္ဍာရေးစနစ်ပြင်ပတွင် လည်ပတ်နေတဲ့ ခန့်မှန်းခြေ ပေါင် ၄၀ ထရီလီယံကို ကြီးကြပ်ကွပ်ကဲဖို့လို့သိရပါတယ်။ ငွေစက္ကူအသစ်မှာ အရင်သမ္မတဟောင်း အာဆက်နဲ့ သူ့အဖေ ဟာဖက်ဇ် တို့ရဲ့ ပုံတွေ မပါတော့ဘူးလို့ သိရပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment