အမေရိကန်ရဲ့ ကုန်သွယ်ရေး ထိုးစစ်ကို ကာကွယ်ဖို့ ဘရာဇီးက ပြည်တွင်း အိတ်စ်စပို့သမားတွေကို အမတော်ကြေး ထုတ်ပေးဖို့စီစဉ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမေရိကန်ရဲ့ ကုန်သွယ်ရေး ထိုးစစ်ကို ကာကွယ်ဖို့ ဘရာဇီးက ပြည်တွင်း အိတ်စ်စပို့သမားတွေကို အမတော်ကြေး ထုတ်ပေးဖို့စီစဉ်




ဩဂုတ် - ၂၁ ( ကြာသပတေးနေ့ ) 

၀ါရှင်တန်အစိုးရက ဘရာဇီးလ်ပို့ကုန်များအပေါ် အခွန် ၅၀% ချမှတ်ပြီးနောက်၊ ဘရာဇီး သမ္မတ လူလာ အစိုးရက  ဘရာဇီး အချုပ်အခြာ စီမံကိန်း ဖြစ်တဲ့ ကန်ဒေါ်လာ ၅. ၅ ဘီလီယံ ကို အရေးပေါ်အစီအစဉ်အနေနဲ့ စတင်သုံးစွဲကာ အခက်အခဲ ရင်ဆိုင်နေရတဲ့ တင်ပို့သူများအတွက် ချေးငွေနှင့် အာမခံများ ပေါင်းစပ်ထောက်ပံ့ဖို့ လုပ်နေပါတယ်။ 

စီမံချက်တွင် အခွန်ရွှေ့ဆိုင်းမှုများ၊ ၂၀၂၆ ခုနှစ်အထိ အခွန်ခရက်ဒစ်များ၊ ဖျက်သိမ်းလိုက်သော အမှာစာများ အတွက် အာမခံချက်ဝင်ရောက်ခွင့်တို့ပါဝင်ပြီး စိုက်ပျိုးရေးနှင့် စက်မှုလက်မှု ပိုလျှံကုန်များကို အများသူငှာ ဝယ်ယူမှုတွေမှာ သုံးဖို့လည်း ပါဝင်ပါတယ်။ 

အိတ်စ်ပို့နည်းသွားရင် လုပ်ငန်းတွေက လုပ်သားတွေကို အလုပ်ထုတ်ပစ်လိုက်ပါတယ်။ အဲ့ဒါကို ကာကွယ်ဖို့အတွက် နိုင်ငံခြားဈေးကွက်သစ်တွေကို ချဲ့ထွင်ဖို့ အစိုးရက ကြိုးပမ်းမှု လုပ်နေပါတယ်။ ဈေးကွက်သစ်ဖွင့်နိုင်ဖို့အတွက် နိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်က သံတမန်များကိုလည်း တွန်းအားပေးပြီး ပေါင်းစပ်ညှိနှိုင်း လုပ်ဆောင်ဖို့ကို နှိုးဆော်ထားပါတယ်။ 

"အကျပ်အတည်းတစ်ခုရှိလာတဲ့အခါ ကျနော်တို့ ကြောက်လန့်၊ တုန်လှုပ်ချောက်ချားနေလို့ မရပါဘူး။ အကျပ်အတည်းတစ်ခုက အသစ်တွေကို ဖန်တီးဖို့ပဲ ဆိုတာကို နားလည်ဖို့ လိုပါတယ်" လို့ သြဂုတ်လ ၁၃  ရက်နေ့တွင် စီမံချက်များကို တင်ပြတဲ့ ရုပ်သံ မိန့်ခွန်းမှာ ပြောသွားပါတယ်။ 

ဘရာဇီး ဖွံ့ဖြိုးတိုးတက်မှု၊ စက်မှု၊ ကူးသန်းရောင်းဝယ်ရေးနှင့် ဝန်ဆောင်မှု ဝန်ကြီးဌာန၏ အဆိုအရ အမေရိကန် ရဲ့ စည်းကြပ်ခွန် ၅၀% က အမေရိကန်ဈေးကွက်ကို ဘရာဇီးလ် တင်ပို့မှု ၃၆ % အပေါ်ကို  သက်ရောက်မှု ရှိခဲ့တယ်လို့ သိရပါတယ်။ နမူနာကိန်းဂဏန်းအရဆိုရင် ၂၀၂၄ တင်ပို့ကုန်ရငွေ ဒေါ်လာ ၄၀.၄ ဘီလီယံထဲက ၁၄.၅ ဘီလီယံ အလျှော့ခံလိုက်ရသလို ဖြစ်သွားပါတယ်။ ကော်ဖီ၊ အမဲသားနှင့် သကြားကဲ့သို့သော အဓိကတင်ပို့ ကုန် ပစ္စည်းများကို ထိခိုက်စေခဲ့ပါတယ်။ 

ဘရာဇီး အချုပ်အခြာ စီမံကိန်း ရဲ့ ရေတိုဆောင်ရွက်ချက်က အခက်ခဲဆုံး နဲ့ အထိခိုက် အခံရဆုံး ကုမ္ပဏီများ အတွက် ငွေဖြစ်လွယ်မှုနှင့် ရင်ဆိုင်ရတဲ့ အန္တရာယ်ကို ကြားခံအဖြစ် ဆောင်ရွက်ပေးမှာဖြစ်ပြီး ငွေသားပြတ်လပ်မှုကို ဖြေလျှော့ရန်နှင့် ထုတ်လုပ်မှုမပိတ်သိမ်းဖို့အတွက် ချေးငွေများနှင့် အာမခံချက်များ ပေးဆောင်သွားမှာ ဖြစ်ပါတယ်။ 

တစ်ချိန်တည်းမှာပင်၊ အသား၊ သစ်သီးနှင့် ပင်လယ်စာများ အပါအဝင် ထုတ်လုပ်သူများ၏ ၀င်ငွေကို တည်ငြိမ်စေပြီး သယ်ယူပို့ဆောင်ရေး၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ဝန်ဆောင်မှုများကို ဈေးမတက်အောင် တားဆီးထားမှာ ဖြစ်ပါတယ်။ ကြမ်းခင်းဈေးတွေကို သက်မှတ်ပြီး ဝယ်လိုအားကို ချိန်ညှိမှာ ဖြစ်ပါတယ်။ 

လာမယ့် ၃ နှစ်အတွင်း ဈေးကွက်သစ် ၄၀၀ နီးပါးဖွင့်ကာ ဘရာဇီးတွင်ပြုလုပ်သည်ဆိုတဲ့ ထုတ်ကုန်းတွေကိုဖောက်သည်အခြေစိုက်စခန်းတွေဆီကို အရောက်ပေးပို့ နိုင်ဖို့ပြင်ဆင်နေပါတယ်။ 


REF: UPI

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)